ပရိသတ်ကြီးရေ.. တေးသီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်..။

အသံချိုချိုအေးအေးလေးနဲ့ သူမရဲ့ သီချင်းကောင်းလေးတွေက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျသလို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အသည်းကျော်လေးသူမကိုတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

အသည်းကျော်လေး နန်းဆုလေးကတော့ စက်တင်ဘာ(၁၅)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးကို နေအိမ်မှာ ချစ်ရတဲ့ We Love အဖွဲ့တွေနဲ့အတူ မွေးနေ့ကိတ်လေးခွဲကာ မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

နန်းဆုလေးကတော့ သူမရဲ့မွေးနေ့လေးမှာ အရမ်းကိုပျော်ခဲ့ရပြီး ချစ်ရသူတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ အပြုံးနဲ့ စကားသံလေးတွေနဲ့ သူမနဲ့အရမ်းတူပြီး အရမ်းလက်ရာမြောက်လွန်းတဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီကားလေးကိုလည်း အရမ်းကို ကြိုက်နှစ်သက်ပြီး သဘောကျလို့ ပျော်နေတယ်လို့ ဆိုပါတယ်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

ချစ်ပရိသတ်တွေနဲ့အတူ ကြည်နူးပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေကိုလည်း နန်းဆုလေးက ပြန်လည်မျှဝေထားပြီး ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေအတွက်လည်း ကျေးဇူးတင်စကားလေးတွေလည်း ပြောထားပါသေးတယ်..။

“မနေ့က ပရိသတ်တွေနဲ့ ကျင်းပတဲ့ မွေးနေ့ကိတ်လေးမှာ အရမ်းပျော်ခဲ့ရပါတယ် နန်းဆုကို ချစ်ကြတဲ့သူတွေရဲ့ အပြုံးနဲ့စကားသံလေးတွေက နန်းဆုအတွက်တော့ တန်ဖိုးဖြတ်မရတဲ့အရာပါ ပရိသတ်တွေစုပီးပေးတဲ့ အရမ်းလက်ရာမြောက်တဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီကားကို အရမ်းကြိုက်ပါတယ် မနေ့က ပွဲပြီးတော့ ထိုင်ကြည့်နေတာ တူလိုက်တာ လှလိုက်တာဆိုပြီး တခြား လက်ဆောင်တွေ ကိုလည်းအရမ်းကြိုက်ပါတယ် နန်းဆုဖတ်ဖို့ယူလာတဲ့ စာလေးတွေကိုလည်း သေချာအချိန်ပေးဖတ်ပါမယ်နော် ချစ်တဲ့စိတ်နဲ့ အရောက်လာကြသူတွေ နယ်ဝေးကနေရောက်လာကြသူတွေရာ စာမေးပွဲရှိနေပေမယ့် အရောက်လာကြတာတွေ သိရတော့ ပိုချစ်မိပါတယ် လာချင်ပေမယ့် မလာဖြစ်လိုက်တဲ့သူတွေကိုချစ်ပါတယ်နော် မနေ့ကရောက်လာတဲ့သူတွေရော မရောက်လာဖြစ်တဲ့သူတှေ ရော နောက်ပွဲတွေလည်း ဆုံကြမယ်နော်..” ဆိုပြီး နန်းဆုလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

Photo Credit - Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။