ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်ောတ် အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အဆိုတော် အေသင်ချိုဆွေရဲ့ ချစ်စရာ သမီးချောလေး အိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။

ပါးပြည့်ပြည့်ဖောင်းဖောင်း ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ အိုင်ဗီလေးကတော့ တစ်နေ့တစ်ခြား မရိုးနိုင်တဲ့ အသည်းယားစရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းလေးတွေကို ခြွေယူနိုင်သူလေးဆိုလည်း မမှားပါဘူး..။

Photo Credit - Athen Cho Swe’s Facebook
Photo Credit - Athen Cho Swe’s Facebook

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေး အိုင်ဗီလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မေမေအေသင်ကလည်း ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အိုင်ဗီလေးရဲ့ ဗီဒီယိုလေးကို ထပ်မံမျှဝေပေးလိုက်ပြန်ပါတယ်..။

အိမ်ကိုအလည်လာတဲ့ ဧည့်သည်တွေပြန်သွားလို့ စိတ်မကောင်းဖြစ်နေပြီး အပြင်ထွက်ချင်လို့ မူယာမာယာတွေများပြီး အချွဲပိုနေတဲ့ အိုင်ဗီလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Athen Cho Swe’s Facebook
Photo Credit - Athen Cho Swe’s Facebook

“ဧည့်သည်တွေပြန်သွားလို့ စိတ်မကောင်းဖြစ်နေတာကတမျိုး

အပြင်ထွက်ချင်လို့ မူယာမာယာများနေတာကတဖုံ

ဘာလေးမှန်းကိုမသိဘူး..” ဆိုပြီး မေမေအေသင်က အိုင်ဗီလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အပြင်ထွက်ချင်လို့ မူယာမာယာတွေများပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ မေမေ့ကိုချွဲနေတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် အိုင်ဗီလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်..။

Photo Credit - Athen Cho Swe’s Facebook
Photo Credit - Athen Cho Swe’s Facebook

Photo Credit - Athen Cho Swe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။