ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာဆိုရင်အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်ကို သူမရဲ့ချစ်ပရိသတ်တွေက ရွှေကစ်လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး အနုပညာလှုပ်ရှားမှုမှန်သမျှကို တစ်ခဲနက်အားပေးကြပါတယ်နော်။ရွှေကစ်ကလည်း သူရဲ့ပရိသတ်တွေအတွက် အစဉ်အမြဲကြိုးစားနေတာပါ။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

အသက်၃၁နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ရွှေကစ်က ဆယ်ကျော်သက်အရွယ်လေးလို အမြဲတမ်းလန်းဆန်းတက်ကြွပြီး နုပျိုလှပနေတာဖြစ်ပါတယ်။ခေါင်းအစ ခြေအဆုံး အပြစ်ပြောစရာတစ်ကွက်မှမရှိအောင်လှတဲ့ ရွှေကစ်လေးရဲ့ အလှအပတွေကို ပရိသတ်တွေက ချီးကျူးပြီးအားကျနေကြတာဖြစ်ပါတယ်။လက်တလောမှာတော့ ရွှေကစ်လေးက ရိုက်ကူးရေးတွေဆက်တိုက်ဆိုသလိုရှိနေပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

အခုဆိုရင်တော့ ရွှေကစ်လေးက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။အလုပ်ကိစ္စတွေလည်း လုပ်ဆောင်ရင်း အားတဲ့အချိန်လေးမှာ စိတ်အပန်းဖြေတဲ့အနေနဲ့ ကိုရီးယားရဲ့အထင်ကရနေရာတွေကို လည်ပတ်နေတာပါနော်။ကိုရီးယားနိုင်ငံရဲ့အလှအပတွေကို သူမရဲ့အလှတရားတွေနဲ့လွှမ်းခြုံလိုက်တဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

Photo Credit:Wutt Hmone Shwe Yi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။