အနုပညာလောကတွင် ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ယခုချိန်ထိ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို ရရှိထားသူတွေပါ။ ကျရာဇာတ်ရုပ်များတွင် ကျွမ်းကျင်ပီပြင်စွာသရုပ်ဆောင်မှုတို့တွေကြောင့်လည်း သူတို့နှစ်ဦးဟာ ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားကြတာပါ။ လက်ရှိမှာတော့ သားငယ်ဖိုးဓီနှင့် သမီးလေး သုသုတို့နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုကမ္ဘာလေးအဖြစ်ဖန်တီးတည်ဆောက်ထားကြတာပါ။ 

Photo Credit- Pyay Ti Oo’s Facebook
Photo Credit- Pyay Ti Oo’s Facebook

အူဝဲရဲ့မိသားစုဘဝလေးဟာလည်း လူတိုင်းအားကျရလောက်အောင် ကြည်နူးပျော်ရွှင်စရာကောင်းတာပါ။ လိမ္မာရေးခြားရှိရုံသာမက ပညာရေးမှာလည်း ထူးချွန်ထက်မြက်တဲ့ကလေးတွေကြောင့်လည်း လူအများကြားမှာ မျက်နှာပန်းပွင့်လန်းနေရတာပါ။ သား၊သမီးတွေဖြစ်ကြတဲ့ ဖိုးဓီလေးနဲ့သုသုကိုလည်း ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့ချစ်မဝဖြစ်နေရတာပါ။

Photo Credit- Naw Phaw Eh Htar’s Instagram Story
Photo Credit- Naw Phaw Eh Htar’s Facebook

အခုတစ်ခေါက်မှာလည်း သားအငယ်လေးဖိုးဓီက နော်ဖောအယ်ခားနဲ့ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ ဗီဒီယိုလေးကိုနော်ဖောရဲ့ Instagram stories လေးမှာတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Naw Phaw Eh Htar’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။