ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "အင်တာဗျူးဖြေတဲ့အခါ First Impression ကောင်းဖို့က ဘယ်လောက်အရေးကြီးလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဆွေးနွေးအကြံပေး တင်ဆက်သွားမှာဖြစ်ပါတယ်...။ "First Impression" ဆိုတာ တွေ့တွေ့ချင်း လူတစ်ယောက်အပေါ်ထင်မြင်ချက်ပေးတာ၊ သူ့အကြောင်းဘာမှ သေချာမသိသေးခင် သုံးသပ်တဲ့ စိတ်ခံစားချက်ပဲဖြစ်ပါတယ်...။ လျှောက်ထားတဲ့အလုပ်က အင်တာဗျူးခေါ်လို့သွားတဲ့အခါ စစချင်းမှာတင် "Impression down"မသွားဖို့ အရေးကြီးပါတယ်...။

photo credit pngtree

"Impression down" တယ်ဆိုတာ ကိုယ့်ပေါ် အထင်မြင်သေးတာဖြစ်ပါတယ်...။ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာဖြစ်ဖြစ် ကိုယ့်ကို အထင်မြင်သေးတာမျိုး ဘယ်သူမှမဖြစ်ချင်ကြပါဖူး...။ ဒီလိုမဖြစ်ရအောင် အထင်ကြီးအောင်နေဖို့လိုပါတယ်...။ လူများအထင်ကြီးအောင် နေဖို့ဆိုတာ ဝတ်ကောင်းစားကောင်းတွေ၊ အဖိုးတန်ပစ္စည်းကြီးကြီးမားမားတွေ ဝတ်စားပြနေစရာမလိုပါဖူး...။ သန့်ရှင်းသပ်ရပ်စွာ smart ကျကျ ဝတ်စားဆင်ယင်တတ်ဖို့နှင့် စိတ်နေ၊ စိတ်ထား မှန်ကန် ဖြောင့်မတ်ဖို့သာ လိုအပ်တာပါ...။

photo credit pngtree

ထိုကဲ့သို့ ပြုမူနေထိုင်ကျင့်သုံးမယ်ဆိုရင် အထင်ကြီးအောင် တမင်လုပ်ပြနေစရာမလိုပဲ လူအများရဲ့ အထင်ကြီး လေးစားချစ်ခင်မှုကိုရရှိမှာဖြစ်ပါတယ်...။ အလုပ်အင်တာဗျူး ဖြေဖို့သွားတဲ့အခါမှာ First Impression ကောင်းအောင် ကိုယ်နဲ့ လိုက်မယ့် အပေါ်အောက်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်သွားရမှာ ဖြစ်ပြီး ဆံပင်ပုံစံကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်...။ နှုတ်ခမ်းမွှေးရှည်တာဖြစ်ဖြစ်၊ မုတ်ဆိတ်မွှေးရှည်တာဖြစ်ဖြစ် ရိတ်သွားရမှာဖြစ်ပြီး နွေးထွေးစွာ ပြုံးပြရမှာဖြစ်ပါတယ်...။ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရင်လည်း လုပ်တတ်၊ မလုပ်တတ်ကို အမှန်တိုင်းပြောပြခြင်းဖြင့် သင့်အပေါ်ထင်မြင်ချက်ကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်...။ First Impression ကောင်းအောင်ပြုလုပ်ခြင်းဖြင့် အလုပ်ရဖို့ ၅၀ ရာခိုင်နှုန်းလောက် သေချာပြီး လိုလိုလားလားနဲ့ လက်တွဲခေါ်ဆောင်သွားမှာဖြစ်ပါတယ်...။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။