ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်အားကစားသမား အောင်သူတို့နှစ်ယောက်ကတော့ တူနှစ်ကိုယ်ဘဝလေးကိုအေးချမ်းစွာတည်ဆောက်ထားပြီး အခုချိန်မှာဆိုရင် သားချောလေးတစ်ယောက်တောင်မွေးဖွားပြီးထားပြီဖြစ်ပါတယ်။ပိုးအိအိခန့်တို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ထားရှိပြီး အားပေးကူညီမှုတွေနဲ့အေးအတူပူအမျှလက်တွဲနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်တို့ မိသားစုကတော့ ထိုင်းနိုင်ငံမှာနေထိုင်ကြပြီး ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးပဲဖြစ်ပါတယ်။အောင်သူကလည်း အရမ်းတော်တဲ့ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်တာကြောင့် အားပေးဝန်းရံကြတဲ့ ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတာပါနော်။သားချောလေးကတော့ ဖေဖေအောင်သူနဲ့ပိုတူပြီး သားလေးကိုဇနီးမောင်နှံနှစ်ယောက်လုံးက ဂရုတစိုက်နဲ့ပြုစုစောင့်ရှောက်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

အခုဆိုရင်တော့ ပိုးအိအိခန့်တို့ဇနီးမောင်နှံက"ညနေဘက် လင်မယားနှစ်ယောက် training Training မဆင်းခင် ကိုယ်ကအရင် ပဲများသေးတာ"ဆိုပြီး ချစ်ခင်ပွန်းနဲ့အတူတူ ကြက်တောင်ရိုက်ကာ တစ်နိုင်တစ်ပိုင်အားကစားလေးလုပ်နေကြတာဖြစ်ပြီး ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးအားကျစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။