ပန်းသော်တာကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ပန်းသော်တာဟာ မေမေ ကိုမွေးနေ့လက်ဆောင်အနေနဲ့ သူမကိုယ်တိုင် ရိုးရိုးသားသားရှာထားတဲ့ အနုပညာကြေးလေးနဲ့ အမေကို မွေးနေ့လက်ဆောင်အဖြစ် နာရီလေးဝယ်ပေးခဲ့ပါတယ်။

photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook

သူမကတော့ " Happy Birthday အ မေ့ အမေ့နာရီလေးကို သတိထားမိနေတာကြာဘီ ရွှေရောင်တွေပြယ်လို့ပေါ့..အဲ့နေ့မှ ဆိုင်ရှေ့ ခေါ်သွားဘီ အမေ့ဘယ်နာရီကြိုက်လဲ မေးတော့ ဘာလို့လဲတဲ့ မွေးနေ့လက်ဆောင်ဝယ်ပေးချင်လို့ လို့ဆိုတော့.. အမေ့ အံ့သြ သွားတယ်.. နာရီအဟောင်းက ၁၀နှစ်နီးပါးရှိဘီတဲ့..ဘယ်တော့မှ သူ့အတွက်ဆို ဘာမှ မဝယ်.. ဦးစားမပေးတတ်တဲ့ အမေ " ဆိုပြီး ရေးသားထားပါတယ်။

photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook

သူမကတော့ " သမီး ရိုးရိုးသားသားရှာထားတဲ့ အနုပညာကြေးလေးနဲ့ မွေးနေ့လက်ဆောင် ဝယ်ကန်တော့ပေးခွင့်ရတာ ပီတိဖြစ်ရပါတယ်မွေးနေ့ဆုတောင်းကတော့ အမေ့နဲ့အပ့ သမီးနဲ့တူတူ အသက်အရှည်ကြီး ကျန်းကျန်းမာမာ နေသွားနိူင်ပါစေ လိုအပ်ချက်တွေကို ထုတ်မပြောတတ်ကြတဲ့ မိဘ ၂ပါးကိုလဲ ကိုယ့်လုပ်အားခ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲ ဖြည့်ဆည်း ကန်တော့ခွင့်ရအောင်ပဲ ဆုပြန်လိုချင်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE: Pann Thaw Tar 's facebook 

photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook
photo credit : Pann Thaw Tar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။