ပရိသတ်ကြီးရေ.. လတ်တလော ဖေ့စ်ဘွတ်စာမျက်နှာနဲ့ လူမှုကွန်ယက် ပရိသတ်တွေကြား လူပြောများရေပန်းစားနေတဲ့ Rap ကျားကြီး နဲ့ MC ကယားလေးတို့ရဲ့ “မိုးရာသီအလွမ်း” သီချင်းလေးကိုတော့ ပရိသတ်တွေ သိကြမှာပါနော်..။

ပရိသတ်တွေကို ရသတစ်မျိုးပေးနိုင်တဲ့ Rap ကျားကြီး နဲ့ MC ကယားလေးတို့နှစ်ယောက်ရဲ့ “မိုးရာသီအလွမ်း” သီချင်းလေးကိုတော့ အဆိုတော်ယုန်လေးက ပြင်ပေးထားပြီး အရင်ကထက် ပိုကောင်းတဲ့ သီချင်းMTV လေး အဖြစ် ပြန်လည် ရိုက်ကူးပေးမယ်လို့ ဆိုပါတယ်..။

Photo Credit - Paing Khant's Facebook
Photo Credit - Paing Khant's Facebook

ယုန်လေးကတော့ လွိုင်ကော်မှာနေကြတဲ့ သူတို့နှစ်ယောက်အတွက် ပြင်ပေးထားတဲ့ သီချင်းအကြမ်းလေးကိုလည်း ဖွင့်ပြထားသလို MTV ပြန်လည်ရိုက်ကူးဖို့အတွက် အကုန်အကျခံကူညီပေးသွားမှာဖြစ်ပြီး ရန်ကုန်လာမယ်ဆိုရင်လည်း ခရီးစရိတ်ကအစ အစအဆုံးတာဝန်ယူပေးမယ်ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ပြောပြထားတာပါ..။

ပရိသတ်တွေကိုလည်း Rap ကျားကြီး နဲ့ MC ကယားလေးတို့နဲ့ ခင်မင်ရင်းနှီးပြီး သိကျွမ်းကြရင်း ဒီဗီဒီယိုဖိုင်လေးကိုလည်း သူတို့နှစ်ယောက် သိမြင်အောင် Share ပေးပြီး ကူညီပေးကြဖို့လည်း ပြောထားပါတယ်..။

Photo Credit - Paing Khant's Facebook
Photo Credit - Yone Lay’s Facebook

“အချိန်ရတုန်း

Rap ကျားကြီး နဲ့ MC ကယားလေးတို့အတွက် .

Music ကလည်း အကြမ်းလေး .

အကုန်အကြမ်းပါ သူတို့ဆိုဖို့အတွက်ပါ။

ညီလေးတို့ ရန်ကုန်လာမယ်ဆို အစဆုံးတာဝန်ယူပါတယ် . ဒီတစ်ပုဒ်အတွက် ရိုက်ကူးရေးရော . သီချင်းပါအချောပြန်တီးပေးပါမယ် ။

Welcome ပါ .

ဒီ ညီလေးတွေနဲ့ Friend ဖြစ်တဲ့လူတွေ သူတို့မြင်အောင်ပြပေးပါ ။

ကူညီချင်တာပါ ဆရာကြီးလုပ်ချင်းမဟုတ်ပါ။

အားလုံး Peace..” ဆိုပြီး ယုန်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်..။

ကဲ ပရိသတ်ကြီးရေ.. စေတနာအပြည့်နဲ့ စိတ်သဘောထားပြည့်ဝတဲ့ ယုန်လေးရဲ့ စိတ်ထားလေးကို အားလုံးကလည်း သဘောကျချီးကျူးနေကြသလို Rap ကျားကြီး နဲ့ MC ကယားလေးတို့အတွက်လည်း ဝမ်းသာနေကြတာမို့ ချစ်ရတဲ့ ပရိသတ်တွေကလည်း အခု ဒီဗီဒီယိုဖိုင်လေးကို Myanmarload နဲ့အတူ ပြန်လည်မျှဝေပေးလိုက်ရအောင်နော်..။

Photo Credit - Yone Lay’s Facebook

Photo Credit - Yone Lay’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။