တေးသီချင်းဗီဒီယိုများစွာကို ဖန်တီးရေးစပ်ခဲ့ပြီး လူငယ်တွေရဲ့ အသည်းနှလုံးမှာစွဲထင်ကျန်ရစ်အောင် ဖျော်ဖြေနိုင်တဲ့ နန်းဆုရတီစိုးကိုပရိသတ်ကြီးသိကြမှာပါနော်။ သူမက တိုင်းရင်းသူပီပီ ချစ်ဖို့ကောင်းပြီး စကားပြောပွင့်လင်းရိုးသားတဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်းရံမှုကို အပြည့်အ၀ လက်ခံရရှိထားတာဖြစ်ပါတယ်။ နန်းဆုရတီစိုးက ခေတ်လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တက်ပြီး ဖက်ရှင်အလန်းစားလေးတွေကိုလည်း ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိတာလည်းတွေ့ရပါတယ်။

Photo Credit : A Lin Young
Photo Credit : A Lin Young

ချစ်စရာကောင်းတဲ့ နန်းဆုလေးကတော့ ဖြူဝင်းပြီးလှပလွန်းတဲ့ အသားအရည်လေးနဲ့ အချိုးအစားကျတဲ့ အမိုက်စားခန္ဓာကောက်ကြောင်း အလှတရားတွေကလည်း ပုရိသပရိသတ်တွေကို ဖမ်းစားထားပြီး မိန်းကလေးပရိသတ်တွေကိုပါ အားကျချစ်ခင်စေသူလေးလည်း ဖြစ်ပါတယ်နော်။လတ်တလောမှာတော့ ရှမ်းရိုးရာဝတ်စုံလေးနဲ့ ဆွဲဆောင်မူရှိရှိလှရက်လွန်းနေတဲ့ အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : A Lin Young
Photo Credit : A Lin Young

ပုံလေးတွေတိုင်းမှာ နန်းဆုတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွက် နန်းဆုရဲ့ ပုံလေးကို မျှဝေပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးကလည်း နန်းဆုရဲ့ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။နန်းဆုလည်း ရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : A Lin Young
Photo Credit : A Lin Young

Source:Nan Su Yati Soe Facebook

Photo Credit : A Lin Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။