ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးဟာဆိုရင် အနုပညာရှင်တွေအားကိုးအားထားပြုနေရတဲ့ အရမ်းတော်တဲ့မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။မင်းသားမင်းသမီးတိုင်းက မေဦးနဲ့ပြင်ကြပြီး မေဦးပြင်ပေးလိုက်တဲ့ ပုံစံလေးတွေက နှစ်ခါပြန်ပြီးငေးယူရလောက်အောင် ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတာကြောင့် အရမ်းအောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook

မေဦးနဲ့ဟန်လင်းတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အေးအတူပူအမျှနဲ့လက်တွဲနေကြတာ ၃နှစ်တောင်ကျော်လာကြပါပြီနော်။ဟန်လင်းကလည်း မေဦးကိုအရမ်းအလိုလိုက်ပြီး ကလေးလေးတစ်ယောက်လို ကြင်နာယုယသလို မေဦးကလည်း တစ်ခါတစ်လေချစ်စရာကောင်းအောင်ချွဲတတ်ပါသေးတယ်။ပရိသတ်တွေကလည်း မေဦးတို့စုံတွဲလေးကို အရမ်းချစ်ကြပြီး သဘောတူကြပါတယ်နော်။

Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook

မေဦးတို့ချစ်သူနှစ်ဦးက အားလပ်ရက်တွေမှာဆိုလည်း ပြည်ပနိုင်ငံတွေကိုအလည်အပတ်ခရီးတွေထွက်ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းစွာနေထိုင်နေကြတာပါနော်။အခုဆိုရင်လည်း ဟန်လင်းက"ချိမအိမ်ပြန်လာတာကို ကြိုနေသောချိဖ"ဆိုပြီး ဝရန်တာမှာထွက်ကြိုနေလို့ မေဦးကတော့အရမ်းတွေပျော်နေတာဖြစ်ပါတယ်။အသေးအဖွဲ့လေးကအစအရမ်းဂရုစိုက်တတ်တဲ့ မေဦးတို့စုံတွဲလေးကချစ်စရာကောင်းတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook
Photo Credit:May Oo's Facebook

Photo Credit:May Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။