အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့နှစ်ယောက်ကတော့ ဂီတလောကရဲ့ ငွေကြယ်ပွင့်လေးတွေလို့ဆိုရလောက်အောင် အောင်မြင်မှုများစွာနဲ့ လင်းလက်တောက်ပနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးက တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့အမာခံအားပေးဝန်းရံမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။

Photo Credit-Reodineius Aung La's FB
Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB

ချစ်ခင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ထားတဲ့ သူတို့စုံတွဲလေးကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေ လက်တွဲတွေခိုင်မြဲခဲ့ကြတာ ဖြစ်ပါတယ်။ အခုလည်း အောင်လက ချစ်သူလေးဝိုင်းစုခိုင်သိန်းရဲ့ မထင်မှတ်ထားတဲ့ မွေးနေ့ Suprise ကြောင့် အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ သူရဲ့အပျော်တွေကို ပုံရိပ်လေးတွေနဲ့အတူ မျှဝေထားပါတယ်။

Photo Credit-Reodineius Aung La's FB
Photo Credit-Reodineius Aung La's FB
Photo Credit-Reodineius Aung La's FB

အောင်လ " Surprise တော့ လုပ်ပေးကြတာပဲ ...သို့ သော် အိမ်ကို စောပြီး ပြန်ရောက်ခဲ့သော မိမိမှာ studio ခန်းထဲဝင်မိသောအခါ။အထဲက တခါးlock ကို အတင်းလက်နဲ့ ပိတ်ထားသေးတယ်....လူမိ surprise ဖြစ်သွားရော...But anyway.....မွေးနေ့ ကို မုန်းတဲ့ ကိုယ့် အတွက် တော်တော် တော့ ရယ်ခဲ့ရတယ် ။ပျော်တယ်ပေါ့။ " ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့မှာပျော်ရွှင်ခဲ့ရတဲ့ အောင်လရဲ့ပုံရိပ်လေးတွေနဲ့ ဝိုင်းစုရဲ့မွေးနေ့ဆုတောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Reodineius Aung La's FB & Wyne Su Khaing Thein's FB 

Photo Credit-Reodineius Aung La's FB
Photo Credit-Reodineius Aung La's FB
Photo Credit- Wyne Su Khaing Thein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။