ခြူးလေးကတော့ ရုပ်သံဇာတ်လမ်းတွဲများသာမကဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးနေရတာပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေဟာလည်း ပရိသတ်တွေကို ချစ်မဝဖြစ်စေတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
သူမရဲ့ Tik Tok လေးတွေဟာလည်း ချစ်စရာကောင်းလွန်းလှပြီး ပရိသတ်များကပါ သူမရဲ့ Tik Tok လေးတွေ အတိုင်း လိုက်ဆော့ကြတာပါ။ သူမရဲ့ Tik Tok ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။ အခုတစ်ခေါက်မှာလည်း Tik Tok ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။
ဒီ Tik Tok လေးကတော့ လတ်တလောမှာ နာမည်ကြီး ရေပန်းစားနေတဲ့ အဆိုတော် အိုအေစစ်ရဲ့ ကိုကြီး ဆိုတဲ့ သီချင်းလေးကို အသည်းယားစရာကောင်းလောက်အောင် ကစားထားတာပါ။ ဒီ Tik Tok ကိုတော့ ခြူးလေးရဲ့ Tik Tok အကောင့်မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source - Chue Chue's Tik Tok Account
photo credit - Chue Chue's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။