ကဲ... ပရိသတ်တို့ရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးခြားခြား နေရာလေးတွအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မိသားစုလိုက် အိမ်ပြောင်းကြတဲ့ ဂဏန်းတွေ

သြစတေးလျတိုက် ခရစ်စမတ် ကုန်းမြေမှာ အောက်တိုဘာ လကနေ နိုဝင်ဘာ လကုန်အထိ ဂဏန်းနီတွေဟာ သစ်တောထဲကနေထွက်ပြီးတော့ ပင်လယ်ဘက်ဆီကို အစာရှာဖို့နဲ့ ဥဥ ဖို့အတွက် အသိုက်ပြောင်းလေ့ကြရှိပါတယ်။ ဒီမြင်ကွင်းကိုမြင်ရသူ အဖို့ အသည်းယား ကြရမှာ အမှန်ပါဘဲနော်။

Photo Source : သံ ဇဉ် မိုးဇတ်

(၂)အရေပြားတွေလောင်သွားစေနိုင်တဲ့ရေကန်

တန်ဇန်းနီးယားနိုင်ငံ မြောက်ဖက်မှရျိတဲ့ာ ရေကန်ကြီး တစ်ခုက ရေတွေဟာ PH Level အလွန်မြင့်တာကြောင့် မျက်လုံး အရည်ပြား တွေလောင်တာပြီးတော့ နယ်မြေခံမဟုတ်ဘဲ ရေကန်ကြောင်းမသိတဲ့ သတ္တဝါတွေကတော့ အရည်ပြားတွေလောင်ကုန်ကြတယ်လို့ဆိုပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

(၃)အလင်းတွေထွက်တဲ့ကျောက်လိုဏ်ဂူ

နယူးဇီလန်မှာ အလင်းရောင်တွေထွက်နေတဲ့ ဂူများရှိပါတယ်။ ဂူလမ်းပြ လှေဌားပြီးလေ့လာလို့လည်းရပါတယ်။ အလင်းရောင်တွေဟာ ဇီဝသက်ရှိတစ်မျိုးမှ ထွက်နေတာဖြစ်ပြီး ၎င်း ဇီဝသက်ရှိ ဟာ နယူးဇီလန်မှာသာ ရှိတယ် လို့သိရပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

(၄) ငရဲတံခါး

ငရဲဘုံ တံခါး အမည်ရှိ သဘာဝ ဓါတ်ငွေ့တွင်းကြီးဟာ ဆိုဗီယက် Turkemistan တွင်ရှိပြီး ဆာလဖာ အနံပြင်း တွေထုတ်လွတ်လျက်ရှိပါတယ်။ 1971 ခုနှစ်တွင်တွေ့ရှိခဲ့ပြီးတော့ အတွင်းမှာ မီးတွေအမြဲတမ်းလောင်ကြွမ်းလျက်ရှိတယ်နော်။

Photo Source : သံ ဇဉ် မိုးဇတ်

(၅) သွေးရေကန်

ဆီနီဂေါမှာ ရှိတဲ့ Retba ရေအိုင်ထဲက ရေညှိပင်တွေဟာ အလင်းရောင်ကို စုပ်နိုင်တာကြောင့် ကန်ရေပြင်ဟာ အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။