လူမှုကွန်ယက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အများကိုပျော်ရွှင်ရယ်မောရအောင် တင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက နာမည်လေးနဲ့လိုက်အောင် စိတ်ရင်းစေတနာကောင်းရှိသူလည်း ဖြစ်ပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး မိဘကိုလုပ်ကျွေးနေတဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် တစ်နေ့တစ်ခြား ပိုမိုကျော်ကြားလာပြီ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေ တောက်လျှောက်တက်ရောက်နေရတဲ့ ဖြူဖြူထွေးက ကြော်ငြာလေးတွေလည်း အများဆုံးလက်ခံရိုက်ကူးနေရပါတယ်။ အခုလည်း ဖြူဖြူထွေးက သူမကိုအားပေးကြတဲ့ပရိသတ်တွေကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

သူမကိုတွေ့ချင်လွန်းလို့ မနက်ကတည်းက လာစောင့်နေတဲ့ ပရိသတ်အချို့က ဘုရားပန်းတွေ မုန့်တွေနဲ့ လက်ဆောင်လေးတွေလည်းပေးခဲ့တာကြောင့် ဖြူဖြူထွေးတစ်ယောက် ပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက " တွေ့ချင်လွန်းလို့ စောင့်နေသောဖြူဖြူထွေး အချစ်တော်များအပြုံးဝေဆာ" ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။