ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ၂၈ ပတ်အတွင်းမှာ မိန်းမကိုယ်ကနေ သွေးတွေဆင်းလာတာမျိုးကို မိခင်တွေကြုံတွေ့ရလေ့ရှိတာဖြစ်ပါတယ်..။ ဒါဟာ သားအိမ်ထဲက အချင်းမကောင်းတာကြောင့် ဖြစ်နိုင်သလို မိခင်ရဲ့မွေးလမ်းကြောင်းတဝိုက်မှာ တခုခုဖြစ်နေတာကြောင့်လည်း သွေးတွေ ဆင်းတတ်တာဖြစ်ပါတယ်...။ တခါတလေကျတော့ လည်း အကြောင်းရင်းမယ်မယ်ရရ ရှာမရတာတွေရှိပါတယ်...။ သွေးမတိတ်တဲ့ရောဂါရှိသူတွေမှာလည်း အခုလို မျိုးသွေးတွေ ဆင်းတတ်ပါတယ်...။
ကိုယ်ဝန်ဆောင်ကာလမှာ ဘာတွေက သွေးဆင်းစေတာလဲဆိုတာကတော့ -
(၁) အချင်းရှေ့ရောက်တာ
(၂) အချင်းကွာတာ
(၃) ကလေးရဲ့သွေးကြောက မွေးလမ်းကြောင်းအဝနားအထိရောက်နေတာ
(၄) သားအိမ်ခေါင်းကင်ဆာ
(၅) သားအိမ်မှာ အသားလုံးဖြစ်တာ
(၆) မိန်းမကိုယ်မှာ သွေးကြောတွေဖောင်းနေတာ
(၇) ထိခိုက်ဒဏ်ရာရတာ
(၈) ရောဂါပိုးဝင်တာ....စတာတွေကြောင့်ပဲဖြစ်ပါတယ်...။
အထက်ပါဖော်ပြသွားတဲ့ အထဲမှာမှ အချင်းရှေ့ရောက်တာနဲ့ အချင်းကွာတာကတော့ အဖြစ်များဆုံးအကြောင်းရင်းတွေပဲဖြစ်ပါတယ်...။ အချင်းရှေ့ရောက်တယ်ဆိုတာ "Placenta Previa"လို့ခေါ်ပြီး အချင်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ တစိတ်တပိုင်းပဲဖြစ်ဖြစ်ရှေ့ရောက်နေရင် သွေးသွန်တတ်တာဖြစ်ပါတယ်...။ များသောအားဖြင့်ကတော့ ကိုယ်ဝန် ၂၈ ပတ်နဲ့ အဲဒီနောက်ပိုင်းလောက်မှာ ဖြစ်လေ့ရှိပါတယ်...။ အချင်းကွာတယ်ဆိုတာ "Abruptio Placenta" ပုံမှန်အတိုင်းရှိနေတဲ့အချင်းက အချိန်မတိုင်ဘဲ သားအိမ်နံရံကနေ ကွာလာတာကလည်း ကိုယ်ဝန်ဆောင်ကာလမှာ သွေးဆင်းရခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတွေထဲကတစ်ခုပဲ ဖြစ်ပါတယ်...။ သူ့မှာမှ သုံးပုံနှစ်ပုံလောက်က "Revealed Type" (သွေးချည်းပဲဆင်းတာ) ၊ သုံးပုံတစ်ပုံကတော့ "Concealed Type" "အပြင်ဘက်ကို သွေးမဆင်းဘဲ သားအိမ်ထဲမှာ သွေးတွေစုပြီး အချင်းအောက်မှာ သွေးခဲတွေဖြစ်နေတာ"နဲ့ "Mixed Type" သွေးဆင်းတာရော၊ သွေးခဲစုတာပါဖြစ်တဲ့ အရောကတော့ တချို့တလေတွေ့ရတတ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေသိထားကြစေသား အပိုင်း(၃)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးဆင်းစေသော အကြောင်းအရင်းများနှင့်၊ ထိုအကြောင်းအရင်းတွေထဲကမှ အများဆုံးဖြစ်လေ့ရှိတဲ့ "အချင်းရှေ့ရောက်တာ"နှင့် "အချင်းကွာတာ" ဘာလည်းဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။