မင်းသမီးချောလေး မိုးယုစံဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်ကို ဟိုးအရင်ကတည်းကလျှောက်လှမ်းလာခဲ့ပြီး အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။မိုးယုစံတို့ဇနီးမောင်နှံက သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကောင်းသိင်္ခမိုးသူလေးကလည်း အသက်၂နှစ်ကျော်အရွယ်ဖြစ်လို့ စကားလေးတွေတီတီတာတာပြောတတ်နေပြီဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook

မိုးယုကလည်း သားလေးဘေးနားမှာနေကာ သေသေချာချာပြုစုစောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေကိုတော့ရပ်နားထားပြီး မိသားစုအတွက်သာအချိန်အပြည့်ပေးနေတာဖြစ်ပါတယ်။သားတစ်ယောက်မိခင်ဖြစ်တဲ့ မိုးယုကဟိုးအရင်တုန်းကလိုပဲ နုငယ်ပျိုမျစ်စွာလှပနေပြီး ရှိရင်းစွဲအလှအပတွေက နည်းနည်းလေးမှတောင်မလျော့သွားတာကို ပရိသတ်ကြီးလည်းသိကြမှာပါနော်။

Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook

မိုးယုစံကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ဖို့အစီအစဉ်ရှိပြီး အခုဆိုရင်လည်း"အလုပ်တွေမလုပ်တာကြာပီ ဒီရက်ပိုင်းတော့ အလုပ်လေးတွေဆက်နေပါတယ် အလုပ်လုပ်ရတော့ပျော်တာပေါ့လို့ ခုတော့ မလှတဲ့ပုံကြမ်းလေးတွေပဲအရင်တင်လိုက်ပါတယ်"ဆိုပြီး အနုပညာအလုပ်တွေကိုတစ်နိုင်တစ်ပိုင်ပြန်လည်လုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook
Photo Credit:Moe Yu San's facebook

Photo Credit:Moe Yu San's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။