ရွှေရွှေစုံတွဲလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ လက်ထပ်ထိမ်းမြားခဲ့တာ မင်္ဂလာသက်တမ်းတစ်နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုယ်စီနဲ့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေကြတဲ့ ရွှေရွှေတို့စုံတွဲလေးက လက်ရှိမှာလည်း ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB

တစ်ယောက်ကိုတစ်ယောက် မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတဲ့ ရွှေရွှေတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တွေက အချစ်ငှက်လေးတွေလို့ တင်စားထားရတာ ဖြစ်ပါတယ်။ အရမ်း Romantic ဆန်တတ်ကြတဲ့ သူတို့စုံတွဲလေးက အခုလည်း နှစ်ယောက်တည်းအပြင်ထွက်ရင်း ချစ်သူဘဝတုန်းကလို ပျော်ပျော်ပါးပါး Date လုပ်ခဲ့ကြပါတယ်။

Photo Credit- Shwe Mhone Yati's FB
Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB

မနေ့ကတော့ ရွှေထူးနဲ့ရွှေမှုန်တို့ဇနီးမောင်နှံက မူးအောင်သောက်ပြီး ကာရာအိုကေမှာ သီချင်းသွားဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးက " မူးအောင်တိုက်ပြီး ဖျက်ဆီးမလို့ထင်တယ်" ဆိုပြီးလည်း သူရဲ့My Story မှာ ချစ်ဇနီးလေးကို စနောက်ထားတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ပျော်ရွှင်ရွှင် Date လုပ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htoo Khant's FB & Shwe Mhone Yati's FB 

Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။