မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ယမန်နေ့ညက အာရှ ယူ၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲဝင် မြန်မာ ယူ၁၆ အသင်းအား အဖွဲ့ချုပ်ရုံးတွင် လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဇော်ဇော်ဟာ အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲအား အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေး အတွက် လမ်းညွှန်အားပေးစကား ပြောကြားခဲ့ပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းဟာ AFC U-16 Championship 2020 ခြေစစ်ပွဲ အုပ်စု (K) တွင် ထိုင်း၊တောင်ကိုရီးယား၊ တရုတ်တိုင်ပေ အသင်းများနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပါတယ်။အုပ်စု အဖွင့်ပွဲစဉ်များကို စက်တင်ဘာ ၁၈ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းက ထိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

စက်တင်ဘာ ၂၀ရက်နေ့မှာတော့ မြန်မာလက်ရွေးစင်ယူ ၁၆အသင်းဟာ ကိုးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် တရုတ်တိုင်ပင်အသင်းနဲ့ စက်တင်ဘာ၂၂ရက်နေ့မှာ ကစားကြမှာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ အဆိုပါပွဲစဉ်တွေကို mrtv channel ကနေlive ပြသမှာပဲ ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit: MFF 's facebook
photo credit: MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။