ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် ဝါရင့်သရုပ်ဆောင်မင်းသားချော လွင်မိုးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတစ်ဦးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားတဲ့ လွင်မိုးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက TVဖန်သားပြင်တွေနဲ့ ဇာတ်ကားတွေမှာ နေရာယူထားသလို ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲနေရာအပြည့်ယူထားကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသားပဲ ဖြစ်ပါတယ်..။

ပရိသတ်ကြီးရေ.. ဒီကနေ့ စက်တင်ဘာလ(၁၇)ရက်လေးကတော့ ပရိသတ်တွေရဲ့အချစ်ောတ် မင်းသားချောကြီး လွင်မိုးရဲ့ အသက်(၄၉)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်..။

လွင်မိုးကတော့ သူ့ရဲ့အသက်(၄၉)နှစ်ပြည့် မွေးနေ့လေးမှာ ရွှေတိဂုံဘုရားမှာ ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ပြီး မွေးနေ့ရက်မြတ်လေးကို အေးချမ်းစွာ ဖြတ်သန်းနေပြီး ပရိသတ်တွေနဲ့ ချစ်ခင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

မွေးနေ့လေးမှာ ဘုရားသွားကျောင်းတက်ကုသိုလ်ပြုနေတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း လွင်မိုးက ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပြီး အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းလေးတွေ ပြောထားကြတာပါ..။

“မွေးနေ့မှာ 49 တဲ့

ဘာတွေဘယ်လိုဖြစ်ဖြစ်

နောက်နှစ်ဆို 50 ပြည့်မယ် ဒါပဲ..” ဆိုပြီး ဘုရားသွားကျောင်းတက် ကုသိုလ်ပြုနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Lwin Moe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။