(၁) မျက်နှာနှစ်ဖက်နဲ့လူ

၁၉ ရာစုနှစ်မှာ အင်္ဂလိပ်လူမျိုး အင်ဒရူးမိုဒက် ဆိုသူဟာ ဦးခေါင်းမှာ မျက်နှာနှစ်ခုပါလာခဲ့ပါတယ်။ အင်ဒရူးဟာ မြို့မျက်နှာဖုံး အသိုင်းအဝိုင်း တစ်ခုက ပေါက်ဖွားလာတာဖြစ်ပြီးတော့ မိဘတွေရဲ့ အမွေအနှစ်တွေကို ရမယ့်သူတစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူ့ဦးခေါင်း အနောက်က မျက်နှာက အစာမစားဘူး စကားသိပ်မပြောပါဘူး။ သို့သော် ရီခြင်း ငိုခြင်း တော့လုပ်တက်ပါတယ်။ အခြေအနေဆိုးတာက ညပိုင်းဆို သူ့ရဲ့ နောက်ဘက်မျက်နှာက စေတန်ဝါဒီ စကားတွေကိုတိုးတိုးပြောလေ့ ရှိပြီးရယ်မောနေတက်တယ်။ ဒါနဲ့ အင်ဒရူး ဟာ ဆရာဝန်တွေရဲ့ အကူအညီယူပြီး ဒုတိယ မျက်နှာကို ဖြုတ်ပြစ်ဖို့ကြိုးစားပေမဲ့ ဘယ်ဆရာ ဝန်ကမှ တာဝန်မယူခဲ့တဲ့ အဆုံးမှာတော့ ၂၃ နှစ်မှာ သူ့ကိုယ်သူသတ်သေသွားခဲ့ပါတယ်။

Source : သံ ဇဉ် မိုးဇတ်

(၂)ကြောက်မက်ဖွယ်ရာ ကျိုင်းကောင်များ

1874 အမေရိကန်နိုင်ငံ အလယ်ပိုင်း Great Plainမှာ မိုးနည်း ရာသီဥတုနဲ့ကြုံခဲ့ရပါတယ်။၎င်းဒေသ ကျောက်ဆောင် တွေမှာလည်း ကျိုင်းကောင်တွေ ရဲ့ ဥ တွေ သန်းပေါင်းသန်းပေါင်းများစွာ ရှိနေခဲ့ပါတယ်။ ရှည်လျားသွားတဲ့နွေရာသီကြောင့် ကျိုင်းကောင်တွေ အစာရေစာပျက်လပ်ပြီးလူတွေရဲ့ စိုက်ခင်းတွေဆီ ကိုစုပြုံ တိုးဝှေ့ကျလာပါတော့တယ်။ကျိုင်းကောင်တွေဟာ Nebraska, Kansas, Dakotas ဒေသရဲ့ကောင်းကင်ယံမှာ ပျံဝဲနေကြတာဟာ နေရောင်ခြည်တောင်မမြင်ရပါဘူးတဲ့။သူတို့ဟာ လူနေအိမ်တွေကို တံခါးခေါက်သလို အသံပြုတယ်။ အိမ်ပြတင်းပေါက်တွေကနေလည်း အိမ်ထဲဝင်ဖို့ကြိုးစားကြတယ်။ ရထားတွေရှေ့ကနေပိတ်ဆို့ပျံသန်းတယ်။လူတွေကို တိုးဝှေ့ပျံသန်းကြလို့လည်း အပေါ်ယံ ကုတ်အင်္ကျီ တွေတောင် ကျွတ်ထွက်ကုန်ကြပါသတဲ့။ ကျိုင်းကောင်တွေဟာ မြင်မြင်သမျှ စိုက်ခင်းတွေကို ဖျက်စီးပြီး သူတို့နေထိုင်ရာ အရပ်ဆီကို ပျံသန်းသွားကြပေမဲ့ 1874 “Year of the Locust” ၁၈၇၄ ခုနှစ်ကို ကျိုင်းကောင်များနှစ်လို့သတ်မှတ်ရတဲ့အထိဖြစ်ခဲ့ရပါတယ်။

Source : သံ ဇဉ် မိုးဇတ်

(၃)သရဲမလေးကိုမှ ချစ်မိသူ

ဂျပန်နိုင်ငံမှာအဖြစ် အပျက်လေး တစ်ခုရှိပါတယ်။မှတ်တမ်းကတော့ ဂျပန်လူမျိုး Botan Doro ဆိုသူရေးခဲ့တာပါ။ဆာမူရိုင်း တစ်ယောက်ဟာအိပ်ပျော်နေတုန်း မီးအိမ်လေးကိုင်ဆွဲကာ အလွန်လှပတဲ့ မိန်းမပျို လေးတစ်ဦး ရောက်လာပါတယ်။ ဆာမူရိုင်းလည်းမီးအိမ်ရှင်မလေးကို မြင်မြင်ခြင်း အလွန်စွဲလန်းသွားပြီး ညတိုင်းလိုလို ချိန်းတွေ့ကြပါတယ်။တနေ့တော့ အိမ်နီးနားခြင်းတွေကဆာမူရိုင်း ဟာညပိုင်းမှာ လူအရိုးစုကြီးနှင့် ဖက် ပြီး အိပ်နေတာတွေ့ရလို့ ဆာမူရိုင်းကိုဝိုင်းပြီးသတိပေးကြပါတယ်။ဆာမူရိုင်းဟာလည်း သရဲမ လေးမှန်းသိပါတယ်။ ဒါပေမဲ့သရဲမလေးရဲ့ ဆွဲဆောင်မှုအောက်ကနေ မရုန်း ထွက်နိုင်ခဲ့ပါဘူး။နောက်ဆုံး ဆာမူရိုင်းဟာ နေအိမ်ကနေ ပျောက်ဆုံး သွားခဲ့ပါတယ်။အိမ်နီးချင်းတွေကလိုက်ရှာရင်း နောက်ဆုံးမှာအုတ်ဂူတစ်ခုတစ်ခုအတွင်း အရှင်လတ်လတ် မြေမြှုတ်ခံရပြီးသေဆုံးနေတာတွေ့ခဲ့ရပါတယ်။ သူသေဆုံးတဲ့ပုံစံက လူအရိုးစုကို ဖက်ထားပြီးအေးချမ်းစွာ သေဆုံးနေတဲ့ပုံ ပေါက်နေပါတယ်တဲ့။ 

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။