Samsung မှ Galaxy S8 နှင့် Galaxy S8+ ကတော့ လက်တလော စိတ်ဝင်စားနေတဲ့ စမတ်ဖုန်းပါ။

၅.၈ လက်မ အရွယ်အစားရှိGalaxy S8 နှင့် ၆.၂ လက်မ အရွယ်အစားရှိ Galaxy S8+ တို့တွင် ပါဝင်မည့်

နည်းပညာဆန်းများကိုဖော်ပြလိုက်ပါတယ်။

အရည်အသွေးမြင့်ကင်မရာ

အလင်းရောင်အားနည်းမှု၊ zoom ချုံ့ချဲ့ခြင်း နှင့် ဓာတ်ပုံများဝေဝါးခြင်းအတွက် အကောင်းမွန်ဆုံးဖြစ်စေရန် အဆင့်မြှင့်တင်ထားသည့် 8MP အရည်အသွေးရှိပြီး F1.7 နှင့် Smart autofocus တို့ပါဝင်သော ရှေ့ကင်မရာ နှင့် 12MP အရည်အသွေးရှိပြီး F1.7 နှင့် Dual Pixel ရှိ နောက်ကင်မရာတို့နှင့်အတူ ထည့်သွင်းဖန်တီးပေးထားသည်။

စွမ်းအားမြင့် စွမ်းဆောင်ရည်

10nm processor အား ထည့်သွင်းပေးထားသည်။ 1Gbps နှင့်အထက် ပံ့ပိုးပေးနိုင်မှုနှင့်အတူ LTE ကွန်ယက် နှင့် Wi-Fi ချိတ်ဆက်မှုတို့အား အဆင်သင့် ထည့်သွင်းပေးထားလို့လွယ်ကူစွာ ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။

ဖျော်ဖြေရေး

Galaxy S8 နှင့် S8+ သည် သုံးစွဲသူများအနေဖြင့် မိမိနှစ်ခြိုက်ရာ အစီအစဉ်များအား ကြည့်ရှုရာတွင် နဂိုအရောင်အသွေးအတိုင်းခံစားကြည့်နိုင်မည်ဖြစ်သည်။ ဂရပ်ဖစ် နည်းပညာ နှင့် Vulkan API ၏ ထိပ်တန်း ဂိမ်းအမျိုးအစားများအား ထည့်သွင်းထားသည့်အတွက် ဂိမ်းကောင်းများကစားနိုင်ပါမည်။

ဖုန်းတွင်းလုံခြုံရေးစနစ်

Galaxy S8 နှင့် S8+ တွင် လက်ဗွေရာစနစ်၊ iris scan စနစ် နှင့် မျက်နှာအားမှတ်သားထားသည့်စနစ် အစရှိသည့် လုံခြုံစိတ်ချရသော ကိုယ်ပိုင်အဆင်မြင့်လုံခြုံရေးစနစ်များထောက်ပံ့ပေးထားသည်။

Source: WikiBook

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။