ကဲ... ပရိတ်သတ်တို့ရေ... ရင်နင့်ဖွယ်ရာဆုံးရှုံးမှုတွေ တစ်ခုဖြစ်တဲ့ ပင်လယ်ရေအောက်ကို နစ်မြုပ်ပျောက်ကွယ်သွားတဲ့ ရေအောက်မြို့တော်ကြီးဆိုတာကို ပရိတ်သတ်တွေအားလုံးသိကြမှာပါနော်။ မြို့တော်ကြီးတစ်ခုလုံးဘယ်လိုတောင် နစ်မြုပ်ပျောက်ကွယ်ခဲ့ရသလဲ ဆိုတဲ့အကြောင်းအချက်ဟာ သာမာန်တွေးဆနိုင်တာထက်ကို ပိုပြီးတော့ အံ့သြဖို့ကောင်းနေပါတယ်နော်။

Photo Source : Pngtree

ပင်လယ်ရေမျက်နှာပြင် ပုံမှန်မြင့်တက်လာမှုတွေနဲ့ အတူရေခဲတောင်တွေ အရည်ပျော်ကျမှုနှုန်းများပြား လာမှုတွေဟာ သမိုင်းတစ်လျှောက်မှာ ကံမကောင်းလှတဲ့ မြို့ပြများစွာကို ပင်လယ်အောက်သို့ရောက်ရှိစေခဲ့တာပဲဖြစ်ပါတယ်။ယနေ့ခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ထိုမြို့ကြီးတွေကို ပြန်လည်ရှာဖွေတွေ့ရှိစေခဲ့တဲ့အပြင် ပင်လယ်ပြင်အောက်က အပျက်အစီးတွေကို ပုံစံမျိုးစုံနဲ့လေ့လာနိုင်ခဲ့ပါတယ်။ဒီလို ပင်လယ်ပြင်အောက်ရောက် မြို့တော်တွေအနက်မှာ အထင်ရှားဆုံးတစ်ခုကတော့ အီဂျစ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာပဲဖြစ်ပါတယ်။

Photo Source : Pngtree

ရှေးခေတ်ဟောင်းဂရိလူမျိုးတွေရဲ့ ဟာရာကလိုင်ရွန် (ခေါ်) သွန်နိစ်မြို့ကြီးဟာ ထိုပင်လယ်ထဲမှာ သက်တမ်းနှစ်ပေါင်းတစ်ထောင်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ မြို့ပြရဲ့ အစိတ်အပိုင်းများစွာကို ရေအောက်မှာ တွေ့ရှိခဲ့ရပါတယ်။ ဒီလို ရုပ်ဝတ္ထု အရည်အသွေးတွေက မျက်မှောက်ခေတ်က လူသားတွေကို အားအတိတ်ကချမ်းသာကြွယ်ဝမှုအကြောင်းများအား ဖော်ညွှန်းပြသလျက်ရှိပါတယ်နော် ။မြို့ကြီးတစ်ခုလုံးကို ရေအောက်မှ ဆွဲယူရန် မဖြစ်နိုင်ပေမယ့်လည်း ၂၀၀၀ ပြည့်နှစ်က တွေ့ရှိခဲ့တဲ့ ယင်းရေအောက်မြို့တော်ကြီးဟာ သမိုင်းတွင်ပျောက်ဆုံးနေခဲ့သည့် မြို့ကြီးတစ်မြို့ ကို ပြန်လည်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်လို့ ဆိုလိုက်ပါရစေ ပရိတ်သတ်တို့ရေ....

Photo Source : Pngtree
Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။