ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ ချစ်အစ်မကြီးတွေလိုပဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကိုရရှိထားတဲ့မင်းသမီးချောလေးပါနော်။အကယ်ဒမီစိုးပြည့်သဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေကအရမ်းအားပေးကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို ယနေ့ထိ စောင့်ကြည့်ကာ တစိုက်မက်မက်နဲ့အားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်လေးကတော့ မကြီးစိုး ဒါဒါ နဲ့ဒီးဒီး တို့လိုပဲ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားပြီး ကြည့်လေယဉ်လေနဲ့အေးချမ်းတဲ့အလှပိုင်ရှင်လေးဖြစ်ပါတယ်။လူလေးကလည်းလှသလို စိတ်ထားလေးကလည်းလှတဲ့ စိုးပြည့်က သဘောကောင်းဖော်ရွေပြီးစိတ်ထားဖြူစင်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်။စိုးပြည့်ရဲ့ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကလည်း ပရိသတ်တွေကိုအချစ်ပိုစေပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

အခုဆိုရင်တော့ စိုးပြည့်က အလုပ်ကိစ္စနဲ့ပူတာအိုမြို့ကို မိသားစုနဲ့အတူ ရောက်ရှိနေတာဖြစ်ပါတယ်။အဆိုတော်နီနီခင်ဇော်နဲ့အတူ အနုပညာအလုပ်တွေကို တွဲပြီးလုပ်ကိုင်နေကာ ညီအစ်မတွေလို စကြနောက်ကြပြီး ပျော်ပျော်ပါးပါးစားသောက်နေကြကာ ရယ်မောပျော်ရွှင်နေကြတဲ့ စိုးပြည့်နဲ့ နီနီတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။