ပိုပိုကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုတတ်သူဖြစ်ပြီး သူမရဲ့သီချင်းလေးတွေဟာ နားထောင်လို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပိုပိုကတော့ ယခုမှာ သီချင်းသစ်တွေလဲ ထွက်ရှိဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : popo 's facebook
photo credit : popo 's facebook

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ ပိုပိုကတော့ အနပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ယနေ့ အချိန်ထဲလဲ ပရိသတ် အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ပိုပိုကတော့ ယခုမှာ ကျေးဇူးရှင် ဆရာ ဦးစောနု ရဲ့ ၇၃ နှစ်မွေးနေ့အတွက် YAMAHA keyboard တစ်လုံး ကန်တော့ခဲ့ပါတယ်။

photo credit : popo 's facebook
photo credit : popo 's facebook
photo credit : popo 's facebook

သူမကတော့ " ဆရာပြောခဲ့တဲ့ စကားတစ်ခွန်း မမေ့ဘူးအရည်အချင်းရှိအောင်လုပ်ရင် ပိုက်ဆံက နောက်က လိုက်လာမယ်တဲ့ကျေးဇူးရှင် ဆရာ ဦးစောနု ရဲ့ ၇၃ နှစ်မွေးနေ့အတွက်YAMAHA keyboard တစ်လုံး ကန်တော့ခဲ့ပါသည် ဒီထက်မက နာမည်ကြီးအဆိုတော်တွေကို မွေးထုတ်ပေးနိုင်ပါစေ Happy Birthday ဆရာဆရာဆီမှာ သင်တန်းတက်တုန်းက အောင်မြင်ရင်တစ်နေ့မှာ လက်ဆောင်ပေးမယ် စိတ်ကူးခဲ့တာလုပ်နိုင်ခဲ့ပြီ " ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: popo 's facebook 

photo credit : popo 's facebook
photo credit : popo 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။