စက်တင်ဘာလ (၁၇) ရက်နေ့လေးကတော့ ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး လွင်မိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ အသက် (၄၉) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှာတော့ လွင်မိုးက ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ တစ်ဝကြီးပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit- Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's FB

အသက်ကြီးပေမယ့် အရင်တုန်းကလို ချောမောခန့်ညားပြီး အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ လွင်မိုးကိုတော့ သမီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ်။ သမီးလေး ယွန်းဝတီလွင်မိုးက ဖေဖေလွင်မိုးရဲ့မွေးနေ့မှာ မိသားစုလိုက်ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးနဲ့အတူ "happy birthday dad we love you so much." ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Yun Waddy Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's IG

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သြစတေးလျနိုင်ငံမှာ ကျောင်းသွားတက်နေရတာကြောင့် သားလေးကိုတောင် ဘိုးဘိုးဘွားဘွားတွေနဲ့ ထားခဲ့ရတာ ဖြစ်ပါတယ်။ အဝေးရောက်နေပေမယ့် ချစ်ရတဲ့ဖေဖေ လွင်မိုးရဲ့မွေးနေ့လေးကိုတော့ သတိတရနဲ့အဝေးကနေ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွင်မိုးတို့သားအဖနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Yun Waddy Lwin Moe's FB & IG 

Photo Credit- Yun Waddy Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။