ပရိသတ်တွေလဲ သိကြမှာပါ....Revamp လုပ်ပြီးနောက် Skill 1 ကန်ချက်တွေက တော်တော်လေးကို နစ်နေတယ်ဆိုတာကိုပေါ့။ သူကိုကိုင်ရတာ အရင်ကလောက် မခတ်ခဲတော့ပဲ Early Game မှာရော Mid Game ရော Late Game မှာပါ ကြမ်းတမ်းနေတဲ့ Hero ပါပဲ။ သို့သော်လဲ သူ့ကိုသတ်ရတာ မြန်ပါတယ်...ဘာလို့ဆို MM ဆိုတော့ သွေးကပျော့တယ်...အဲ့ဒီတော့ သူ့အနားကပ်နိုင်ရင် သတ်လို့ရပါပြီး။ သူ့အနားပဲ ကပ်နိုင်အောင် အရင်လုပ်ကြည့်ပါ...တော်တော်လေးကို ခတ်တယ်ဆိုတာ သိပါလိမ့်မယ်။ 

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သူရဲ့အကြမ်းစားခြေထောက်နဲ့ အားပြင်းပြင်းဘောလုံးကိုကန်လိုက်တာဖြစ်ပြီး ရန်သူကို Damage ထိစေပြီး ဝ.၅ စက္ကန့်နှေးနေစေပါတယ်။ ရန်သူကိုထိရင် ဘောလုံးကသူဆိကိုပြန်လာမှာဖြစ်ပြီး SKill 2က သူရဲ့ CDကို လျော့ချပေးပါတယ်။ Skill 2ကတော့ စလိုက်ထိုးတာဖြစ်ပြီး ရန်သူကို ဝ.၅ စက္ကန့်ကြာမူးစေပါမယ်။ Damage လဲထိပါတယ်။ တကယ်လို့သူနဲ့အတူ Power ဘောလုံးလဲပါနေရင်တော့ အဲ့အလုံးကိုပါ တစ်ခါထဲ ယူသွားပါတယ်။ ultimate ကတော့ Energy ဘောလုံးနဲ့ကန်လိုက်တာဖြစ်ပြီး ရန်သူတွေကို Damage ထိစေကာ ရန်သူကို Knock စေပြီး Physical Defense ကိုလဲ level အလိုက်လျော့စေပါတယ်။ ဘောလုံးက ၁၀ကြိမ်ထိ ဆင့်ကဲသွားနေမှာဖြစ်ပါတယ်။ ထိချက်တိုင်းက ၈စက္ကန့်ကြာ Defense လျော့နေစေမှာဖြစ်ပြီး ၃ဆထိတိုးနိုင်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

ကားပြောင်းပြီး အမြန်ထွက်ချင်တယ်ဆိုရင် အဲ့ Ulti ကိုနောက်တစ်ချက်ထိလိုက်ပါ။ Passive ကတော့ သူသွေး ၃၀ရာခိုင်နှုန်းအောက်ရောက်နေပြီဆိုရင် Shield တစ်ခုတက်လာမှာဖြစ်ပြီး သူရဲ့ Armor လောက် Damage တွေကို စုပ်နေမှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင် ကိုယ့်ရဲအသင်းထဲက AOE ပါတဲ့ Hero ကိုကားပေါ်တင်ပြီး ပြေးတိုက်ပါ၊ အဲ့နောက် Skill 1သုံးပြီး Skill 2 သုံးလိုက်ပါ။ ကိုယ့်အသင်းရဲ့ Battle နိုင်ချေက Johnson ရဲ့ ကားတိုက်တတ်တဲ့ ပုံပေါ်မူတည်ပါတယ်။ ဒါကြောင့် Ulti ကိုကောင်းကောင်း အသုံးချတက်ရင် ရပါပြီ။ Emblem နဲ့ Item တွေကိုတော့ Global 1 ကဟာကို ဖော်ပြထားပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။