တေးရေး၊တေးဆိုတစ်ဦးအဖြစ် အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်လင်းလင်းကိုတော့ ပရိသတ်တွေအားလုံးက ရင်းနှီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင်မင်းသမီးချောလေး ချစ်သုဝေနဲ့ အိမ်ထောင်ကျပြီး ချစ်ရာကောင်းတဲ့ သမီးအမြွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ခဲ့တဲ့ လင်းလင်းရဲ့မိသားစုဘဝလေးကတော့ တကယ့်ကို သာယာပျော်ရွှင်စရာကောင်းလှပါတယ်။

Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB

လင်းလင်းကတော့ ဟန်ဆောင်မှုကင်းပြီး အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်သလို စိတ်ရင်းကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့ လင်းလင်းက အခုလည်း အမေ့အိမ်မှာ ထမင်းဝင်စားဖြစ်ခဲ့ကြောင်း တင်ထားပါတယ်။ လင်းလင်းက အမေ့အိမ်ရောက်တုန်းက အားရပါးရထမင်းဝါးတီးဆွဲလိုက်ရမှ ကျေနပ်ကြောင်းပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB

လင်းလင်းက " နေပြည်တော်ရောက်ရင်အမေ့အိမ်မှာ ထမင်းဝါးတီးဆွဲလိုက်ရမှ ( အမှန်က စရိတ်ချွေတာ တာပါ ) ဆိုပြီးပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ လင်းလင်းကတော့ အမေ့အိမ်က ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ပေးထားတဲ့ ထမင်းဝိုင်းလေးမှာ အားရပါးရစားသောက်နေတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းလင်းရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Htwe Lynn Ko's FB 

Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB
Photo Credit - Htwe Lynn Ko's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။