ချစ်သူ၊ ရည်းစားတွေရဲ့ ရင်ခုန်ရဆုံးအချိန်လို့ ပြောရမယ့် First date ကို ဘယ်သူမှ မေ့ကြမှာမဟုတ်ပါဖူး...။ ထိုအချိန်လေးက ချစ်သူနှစ်ဦးရဲ့ ကြည်နူး အမှတ်တရဖြစ်ဖွယ်နေ့ရက်လေးပဲဖြစ်ပါတယ်...။ မိန်းကလေးတွေက ကိုယ်ရဲ့ချစ်သူကို စတွေ့တုန်းက ဝတ်ခဲ့တဲ့ အပေါ်အောက်ဝတ်စုံက ဘာအရောင်လဲဆိုပြီး တစ်ခါတစ်လေမှာ အချစ်စမ်းပြီးမေးလေ့ရှိပါတယ်...။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပထမဦးဆုံး တွေ့ခဲ့တဲ့ Frist date လေးကို ပိုပြီး အလေးအနက်ထား အမှတ်တရဖြစ်တယ်ဆိုတာ အားလုံးလက်ခံကြမယ်လို့ ထင်ပါတယ်...။ ဒါကြောင့်မလို့ ချစ်သူ၊ ရည်းစားတွေ သွေးအေးလာတယ်၊ သိပ်အဆင်မပြေဖြစ်တဲ့အခါမှာ ချစ်သူမဖြစ်ခင် စစတွေ့တုန်းက နေ့ရက်လေးလိုမျိုး ယောက်ျားလေးတွေဘက်က ဖန်တီးပေးမယ်ဆိုရင် သာယာနွေးထွေးတဲ့ relationship တစ်ခုပြန်လည်ရရှိစေမှာဖြစ်ပါတယ်...။

phto credit pngtree

အနေဝေးလို့ သွေးအေးလာတဲ့ ချစ်သူ၊ စုံတွဲတွေအနေနဲ့ relationship တစ်ခု မပျက်စီးသွားရအောင် သင်တန်းတစ်ခုခုကို အတူတက်တာမျိုး၊ ဒါမှမဟုတ် အားကစားတစ်ခုခုကို အတူလေ့ကျင့် ဆော့ကစား တာမျိုးပြုလုပ်ပေးရမှာပါ...။ ထိုကဲ့သို့ပြုလုပ်တဲ့အခါမှာ နှစ်ဦး၊ နှစ်ဖက်ရဲ့ စိတ်ဆန္ဒကိုညှိနှိုင်းပြီး လုပ်ဆောင်ရမှာပါ...။ တစ်ယောက်က အင်္ဂလိပ်စာ သင်တန်းတက်ချင်ပေမယ့် နောက်တစ်ယောက်က အခြားဘာသာစကားတစ်ခုခုကို သင်ချင်တယ်ဆိုရင် အဆင်မပြေပါဖူး...။ ဒီလိုပဲ တစ်ယောက်က ရေကူးသင်ချင်တယ်၊ ဒါပေမယ့် နောက်တစ်ယောက်က basketball မှ basketball ကစားချင်နေတယ်ဆိုရင် အနေနီးဖို့ လုပ်ခါမှ ပိုပြီးဝေးသွားနိုင်ပါတယ်...။ ဒါကြောင့်မလို့ relaitonship တစ်ခု တည်ဆောက်တဲ့အခါမှာ ချစ်သူ၊ စုံတွဲတွေ အနေနဲ့ တစ်ဦးရဲ့ ဆန္ဒကို တစ်ဦးက လိုက်လျောပေးတဲ့အလှည့်နဲ့ ဦးစားပေးတဲ့အလှည့်ကို မျှတပြေလည်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်...။ 

phto credit pngtree

ပိတ်ရက်တွေမှာ ခရီးထွက်တာမျိုး၊ ဒါမှမဟုတ် အခုလက်ရှိနေတဲ့နေရာကနေ အဝေးတစ်နေရာသို့ သွားတာမျိုးကို ချစ်သူ၊ စုံတွဲ relationship တစ်ခု ခိုင်မြဲအောင်လုပ်တဲ့အခါမှာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုလို့ ပြောချင်ပါတယ်....။ ပိတ်ရက်တိုမှာပဲဖြစ်ဖြစ်၊ ပိတ်ရက်ရှည်မှာပဲဖြစ်ဖြစ် ချစ်သူ၊ စုံတွဲတွေ နှစ်ယောက်စလုံးရဲ့ ကိုယ်ပိုင်အချိန်၊ ဝင်ငွေတွေကို အသုံးချပြီး မရောက်ဖူးသေးတဲ့ နယ်မြေရပ်ခြား ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ လှပအေးချမ်းသော နေရာလေးတစ်ခုခုကို သွားပြီး အသစ်အဆန်း၊ ဗဟုသုတတွေကို မျှဝေခံစားခြင်းဖြင့် ခိုင်မြဲသာယာတဲ့ ကြည်နူးစရာ Relationship တစ်ခုကို အမြဲပိုင်ဆိုင်နေစေမှာဖြစ်ပါတယ်...။

phto credit pngtree

phto credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။