photo credit - Evil Geniuses .gg

Evil Geniuses အသင်းကတော့ ယခုလာမယ့် 2020 DPC season မှာ ကစားမယ့် သူတို့အသင်းရဲ့ roster ကိုထုတ်ပြန်ခဲ့ပြီပဲဖြစ်ပါတယ်။

သူတို့ထုတ်ပြန်ခဲ့တဲ့ roster ကတော့

Po 1 – rtz

Po 2 – Abed

Po 3 – Ramzes

Po 4 – Crit

Po 5 – Fly တို့ပဲဖြစ်ပါတယ်။

Evil Geniuses အသင်းနဲ့အတူ 2015 ခုနှစ်မှာ TI champion ဆုကြီးကို ရယူပေးခဲ့တဲ့ po 2 player Sumail ကတော့ ယခု roaster မှာ ပါဝင်လာခဲ့ခြင်းမရှိတော့ဘဲ သူ့ရဲ့နေရာမှာ FNATIC ကနေ ထွက်လာတဲ့ mid player Abed ပါဝင်လာခဲ့ပါတယ်။

အရင်က offlane player S4 ရဲ့နေရာမှာဆိုရင်လည်း VP က carry player Ramzes က အစားထိုး ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

လက်ရှိ ထုတ်ပြန်ခဲ့တဲ့ roaster ကတော့ စိတ်ဝင်စားဖို့တော်တော်လေးကောင်းနေပြီး carry ကနေ offlane ပြောင်းဆော့မယ့် Ramzes ရဲ့ performance တွေကလည်း ဘယ်လိုလာဦးမလဲဆိုတာကတော့ DPC season စရင်မြင်တွေ့နိုင်တော့မှာပါ။

Source- Evil Geniuses .gg

Orginal link > http://evilgeniuses.gg/news/eg-2020-dota-roster/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။