ပရိသတ်ကြီးရေ.. လတ်တလောလူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ရေပန်းစား လူပြောများနေတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကားမရိုက်ကူးခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို အများဆုံးရရှိထားတဲ့ ဇာတ်ကားကြီးပါပဲ..။

အဓိကအမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ သဇင်ဝင့်ကျော်နဲ့အတူ တွဲသရုပ်ဆောင်ရမယ့် အဓိကအမျိုးသားဇာတ်ဆောင်ကလည်း ပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့ အနုပညာရှင်ကို အဓိကဇာတ်ဆောင်မင်းသားအဖြစ် ရွေးချယ်လိုက်ပြီး ပရိသတ်တွေကို Surprise လုပ်လိုက်ပြန်ပါတယ်နော်..။

Photo Credit - မြမြ Facebook Page (Commercial Artilces)
Photo Credit - မြမြ Facebook Page (Commercial Artilces)

ပရိသတ်တွေကို Surprise ဖြစ်စေခဲ့ပြီး “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်ကတော့ Myanmar Idol Season-3 ရဲ့Winner ဆုရှင် ပရိသတ်အချစ်တော်လေး အဆိုတော်ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်နော်..။

ဖြိုးမြတ်အောင်ကို “မြမြ” ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်လိုက်တဲ့ အကြောင်းကိုတော့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖေ့စ်ဘွတ်စ်ပေ့ချ်ကနေ တရားဝင်အသိပေးကြေညာထားတာပါ..။

Photo Credit - Amazing Grace
Photo Credit - မြမြ Facebook Page (Commercial Artilces)

မြမြဇာတ်ကားရဲ့အဓိကခေါင်းဆောင်မင်းသားကို ကြိုတင်ခန့်မှန်းကြတဲ့ အဖြေမှန်သူများထဲက ဆယ့်ငါးဦးကိုလည်း မဲနှိုက်ရွေးချယ်ကာ မြမြ logo ပါ 45 အကောင်းစားမိုးကာဂျာကင်များကို 20 ရက်နေ့မှစတင်ပြီး မေတ္တာလက်ဆောင်အဖြစ် ထုတ်ဝေပေးမှာဖြစ်တဲ့အကြောင်းလေးကိုလည်း မြမြရဲ့ Page မှာ ကြေညာထားပါသေးတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာ ဖြိုးမြတ်အောင်ရဲ့ ချစ်ပရိသတ်တွေကလည်း အနုပညာခြေလှမ်းအသစ်အဖြစ် ဇာတ်ကားရိုက်ကူးတော့မယ့် ဖြိုးမြတ်အောင်အတွက် ဝမ်းသာပျော်ရွှင်နေကြသလို တစ်ဖက်မှာလည်း ပထမဆုံးစတင်ရိုက်ကူးသရုပ်ဆောင်မှာမို့ စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေအတွက် “ဖြိုးမြတ်အောင်မိသားစုများ ဘာမှစိတ်မပူကြပါနဲ့ရှင့်၊ ဒီဇာတ်လမ်းအတွက် တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်စကားပြောခဲ့ကြပြီးသားပါရှင့်၊ သူ့အတွက်လုံးဝထိခိုက်နစ်နာစရာမရှိတဲ့အပြင် ပိုတောင်ချစ်သွားကြပါလိမ့်မယ် လို့ဒါရိုက်တာကြီးကပြောပါတယ်ရှင့်..” ဆိုပြီး တာဝန်ရှိသူတစ်ဦးကလည်း Comment လေးမှာ ရေးသားပြောပြထားတာမို့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြပါတယ်နော်..။

Photo Credit - မြမြ Facebook Page (Commercial Artilces)
Photo Credit - မြမြ Facebook Page (Commercial Artilces)

Photo Credit - မြမြ Facebook Page (Commercial Artilces)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။