screenshoot of dota 2

Disruptor ဆိုတဲ့ hero ကတော့ hard support heros တွေထဲက တော်တော်လေး useful ဖြစ်တဲ့ supp တစ်ကောင်ပဲဖြစ်ပါတယ်။

သူ့ရဲ့ skill 1 Thunder strike ဟာဆိုရင်လည်း early game မှာတော်တော်လေး damage ထွက်လှသလို တဆင့်ထဲယူထားရင်တောင် တချက်မိုးကြိုးပစ်ရင် damage 45 နဲ့ စုစုပေါင်း 4 ချက်ဆိုရင် damage 180 လောက်ထိတာတောင် Axe တို့ Bristal bak တို့လို hero တွေကိုတောင် early game မှာ တော်တော်လေး damage ပေးလို့ကောင်းလှပါတယ်။

သူ့ရဲ့ skill 2 GLIMPSE ဟာဆိုရင်လည်း enemy team က hero တွေကို လိုက် gank တဲ့နေရာမှာတော်တော်လေး ကောင်းမွန်လှတဲ့ skill တစ်ကွက်ပဲဖြစ်ပါတယ်။

Glimpse ကတော့ gank တဲ့အပိုင်းတစ်ခုထဲမှာ သုံးလုံးရတာမျိုးမဟုတ်ဘဲ early မှာ glimpse ယူထားပြီး tp ကျလာတဲ့ enemy hero ကို glimpse နဲ့ အိမ်ပြန်ပို့မယ်ဆိုရင်လည်း early မှာ enemy hero တွေရဲ့ gold နဲ့ exp ကိုတော်တော်လေး လျော့နည်းအောင်လုပ်လို့ရတဲ့ skill တစ်ကွက်ပဲဖြစ်ပါတယ်။

Ulti Static Strom ကတော့ သူ့ရဲ့ area အောက်မှာရှိနေတဲ့ enemy hero တွေကို silence ပိတ်ပေးရုံသာမက တစ်ဆင့်ယူထားရုံနဲ့ ငါးစက္ကန့်အတွင်းမှာ တစက္ကန့်ကို damage 200 နှုန်းနဲ့ ထိခိုက်စေမှာပဲဖြစ်ပါတယ်။

နှစ်ဆင့်ဆိုရင်တော့ damage 275 နဲ့ နောက်ဆုံး သုံးဆင့်ဆိုရင်တော့ damage 350 တောင် enemy hero တွေအပေါ် ကို သက်ရောက်စေမှာပဲဖြစ်ပါတယ်။

Skill 3 Kinetic Field နဲ့သာ တွဲသုံးမယ်ဆိုရင်bkb မပါတဲ့ enemy hero တွေအတွက်တော့ တကယ့် cancer combo ကြီးတခုပါပဲ။

Supp အနေနဲ့ ဆော့တဲ့ player တွေကတော့ Disruptor ကို Tranquil boots တို့ magic wand တို့ ဆက်ကြပြီး next items တွေအနေနဲ့ကတော့ ghost scepter တို့ glimmer cape တို့ force staff တို့ကို ပွဲအခြေအနေပေါ်လိုက်ပြီး ဆက်ကြတာတွေ့ရပါတယ်။

အသင်းကနိမ့်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ team mate တွေကို save ဖို့အတွက်ဆိုရင်တော့ glimmer cape နဲ့ force staff တို့လို item မျိုးတွေကတော့ မဖြစ်မနေကို ဆက်သင့်ပါတယ်။

ကိုယ့်အသင်းက အရမ်းသာနေတဲ့ အခါမျိုးဆိုရင်တော့ Aghanim’s scepter တို့ Ethereal Blade လို item မျိုးတွေသွားမယ်ဆိုရင်လည်း သွားလို့ရပါတယ်။

screenshoot of dota 2

Talent တွေအနေနဲ့ဆိုရင်လည်း level 10 talent မှာဆိုရင် ကိုယ့်အသင်းက နိမ်နေတဲ့ အခါမျိုးမှာဆိုရင်တော့ +40 Thunder strike damage ထက် +200 Health ကိုယူဖို့ အကြံပေးချင်ပါတယ်။အသင်းကသာနေရင်တော့ +40 Thunder strike damage ကိုယူမယ်ဆိုယူလို့ရပါတယ်။

Level 15 talent မှာဆိုရင်တော့ ကျနော်အနေနဲ့ +150 cast range ကိုပိုသဘောကျပေမယ့် -4s Kinetic field cooldown ကိုယူမယ်ဆိုရင်လည်း မိုက်ပါတယ်။

Level 20 talent မှာဆိုရင်လည်း + 4 Thunder strike hit talent ယူတာထက် +180 gold/min ကိုယူစေချင်ပါတယ်။

Lage game မှာ Thunder strike damage က အဲ့လောက်ကြီး မထိရောက်နိုင်တဲ့အခြေအနေမှာ +180 gold/min ယူပြီး တခြား အသုံးလိုတဲ့ items တွေသွားတာက ပိုပြီး team အတွက်ကေင်းပါလိမ့်မယ်။

Level 25 talent တွေဖြစ်တဲ့ +4s kinetic field duration နဲ့ -10 s glimpse cooldown ကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို ယူနိုင်ပါတယ်။

Disruptor က ကျနော်ကြိုက်တဲ့ supp hero တစ်ကောင်ဖြစ်လို့ ဒီ hero နဲ့ rank တင်တဲ့အခါ လိုအပ်မယ်ထင်တဲ့ အချက်လေးတချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။