ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ တေးသီချင်းကောင်းလေးတွေအပြင် ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားသူလေးပါ..။

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး သူမရဲ့အသံချိုချိုအေးအေးနဲ့ သီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေကြား လူကြိုက်များရေပန်းစားကေိုနတာလည်း မြင်တွေ့ရမှာပါနော်..။

Photo Credit - Aung Ye Lin (Shane)
Photo Credit - Aung Ye Lin (Shane)

ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နန်းဆုလေးကတော့ အခုတစ်ခါမှာလည်း အမိုက်စား ဓာတ်ဖမ်းထားတဲ့ သူမရဲ့ အလှဓာတ်ပုံလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

ဂန္တဝင်ဆန်တဲ့ တော်ဝင်ဘုရင်မတစ်ယောက်ရဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်မှုမျိုးနဲ့ အမိုက်စား ဓာတ်ဖမ်းထားတဲ့ နန်းဆုလေးရဲ့ ပုံရိပ်လေးတေါကတော့ ပရိသတ်တွေရဲ့ အသည်းလေေးတွကို ထပ်မံကြွေယူလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Aung Ye Lin (Shane)
Photo Credit - Aung Ye Lin (Shane)

နန်းဆုလေးကတော့ စက်တင်ဘာ(၁၅)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးအတွက် အမှတ်တရရိုက်ကူးထားတာဖြစ်ပြီး ချစ်ပရိသတ်တွေအတွက်လည်း အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်တာပါ..။

ချစ်စရာကောင်းလွန်းနေတဲ့ နန်းဆုလေးရဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo Credit - Aung Ye Lin (Shane)

Photo Credit - Aung Ye Lin (Shane) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။