နှစ်ဖက်ဖိုးဖိုး၊ဖွားဖွားတွေရဲ့ အချစ်တွေကို အကုန်သိမ်းပိုက်ထားသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ အချစ်ရဆုံးသားရတနာလေး Liam လေးပါ။ သားလေးဟာ အသက်တစ်နှစ်ပြည့်သွားပြီပဲဖြစ်ပြီး လမ်းစလျှောက်တတ်နေပါပြီ။ သူ့ရဲ့ပုံရိပ်လေးတွေတိုင်းဟာ ပရိသတ်တွေကိုအခါခါပြန်ကြည့်စေရလောက်အောင် ချစ်ဖို့ကောင်းလွန်းနေတာပါ။
သားလေးရဲ့ လှုပ်ရှားမှုလေးတွေတိုင်းဟာလည်း ပရိသတ်တွေအတွက် အသည်းယားစရာကောင်းလွန်းနေတာပါ။ သူ့ရဲ့ဗီဒီယိုလေးတွေပုံရိပ်လေးတွေကိုပဲ ပရိသတ်တွေကအသည်းတယားယားနဲ့ချစ်မဝဖြစ်နေရတာပါ။ သားလေးဟာ အခြားကလေးတွေနဲ့မတူပဲ အော်ငိုတာမျိုးမရှိပဲ အမြဲတမ်းပြုံးပြုံးလေးနေတာဟာလည်း ချစ်စရာကောင်းလွန်းနေတာပါ။
အခုတစ်ခေါက်မှာလည်း တီတီနဲ့အတူ အပြင်သွားရတဲ့အတွက် ပျော်နေတဲ့ ဗီဒီယိုလေးကို ယွန်းနဒီလွင်မိုးရဲ့Instagram Stories မှာတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်အြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source- Yunnandylm’s Instagram Stories
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။