ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေကြတဲ့သူတွေဖြစ်ပါတယ်။နေတိုးနဲ့ရွှေကစ်တို့က ပရိသတ်အင်အားလည်းအများအပြားရှိပြီး အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားနေကြလို့ အောင်မြင်မှုတွေကတော့ မရပ်တန့်သွားပါဘူးနော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

ရွှေကစ်လေးကလည်း အသက်၃၁နှစ်အရွယ်ဆိုပေမယ့် နုနယ်ပျိုမျစ်ပြီး အရမ်းလှပတာပါနော်။မင်းသားချောနေတိုးရဲ့ ခန့်ညားချောမောခြင်းတွေကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုပြုစားနိုင်စွမ်းရှိပြီး အမြဲတမ်းရှင်းသန့်တည်ကြည်နေတာပဲဖြစ်ပါတယ်။နေတိုးနဲ့ရွှေကစ်တို့နှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်ပါတယ်နော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

အခုဆိုရင်လည်း နေတိုးနဲ့ရွှေကစ်တို့နှစ်ယောက်က Mytelရဲ့ brand Ambassadorခန့်အပ်ပွဲအခမ်းအနားလေးကို နှစ်ယောက်သားအတွဲညီညီလေးတွေနဲ့တက်ရောက်လာကြပါတယ်။နှစ်ယောက်လုံးက လိမ္မော်ရောင်ဝတ်စုံလေးတွေနဲ့ အရမ်းလှပြီးချောနေကြကာ ပရိသတ်တွေနဲ့ တရင်းတနှီးဆက်ဆံခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

Photo Credit:Nay Toe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။