အမိုက်စားခန္ဓာကိုယ်ကြွက်သားများကြောင့် နှုတ်ခမ်းနီမလေးတွေကြွေနေရသူလေးကတော့ မင်းသားချောလေး ပိုင်တံခွန်ပါ။ ခန့်ညားချောမောတဲ့ ဥပတိရုပ်လေးကြောင့်လည်း အချိန်တိုအတွင်းမှာ လူသိများနာမည်ကြီးလာသူပါ။ သူဟာ မြန်မာနိုင်ငံတွင်သာမကပဲ အိမ်နီးချင်းနိုင်ငံများတွင်ပါ အောင်မြင်ကျော်ကြားနေတာပါ။ 

Photo Credit- Paing Takhon ‘s Facebook
Photo Credit- Paing Takhon ‘s Facebook

လတ်တလောမှာလည်း " မှောင်တိုက် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ အိချောပိုတို့နဲ့အတူ ရိုက်ကူးနေတာပါ။ မနေ့ကတော့ ပိုင်တံခွန်ရဲ့ (၂၃) နှစ်မြောက် မွေးနေ့ရက်မြတ်လေးပါ။ သူ့ရဲ့မွေးနေ့လေးကိုတော့ ရှုတင်မှာပဲ ချစ်ရတဲ့အနုပညာရှင်များနဲ့အတူ ကျင်းပခဲ့တာပါ။ 

Photo Credit - Paing Takhon ‘s Facebook
Photo Credit- Kyaw Ye Myint Nyein’s Video Screenshot

ဒါ့အပြင် သူချစ်ရတဲ့မိဘနှစ်ပါးလုံးကို ငွေကျပ်သိန်းသုံးရာဖြင့် လက်ဆယ်ဖြာထိပ်မှာမိုးကာ ရှိခိုးကန်တော့ခဲ့တာပါ။ ဒီပုံရိပ်လေးကိုလည်း သူ့ရဲ့လူမှုကွန်ယက်တွင် တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြတာပါ။ သူငယ်ချင်းဖြစ်သူ ကျော်ရဲမြင့်ငြိမ်းရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း မွေးနေ့အမှတ်တရဗီဒီယိုလေးတွေ တင်ထားတာပါ။ ပရိသတ်တွေအတွက် ပုံရိပ်လေးနဲ့ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Paing Takhon’s Facebook

Source- Kyaw Ye Myint Nyein’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။