သရုပ်ဆောင်စည်ဖြိုးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူဟာ လတ်တလောမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတာပါ။ သူဟာ နာမည်ကျော်အကြားအမြင်ဆရာမကြီး အီးတီရဲ့ တူအရင်းတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit - Si Phyo's Facebook Account
Photo Credit - Si Phyo's Facebook Account

ဒါ့အပြင် မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်ရသူလေး မော်ဒယ်ခင်လွှမ်းနဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလေးကို အတူတကွလျှောက်လှမ်းနေကြတာပါ။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာအနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာပါ။ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိပြီး ပရိသတ်တွေကလည်း အားကျနေရတာပါ။  

Photo Credit - Si Phyo's Facebook Account
Photo Credit - Si Phyo's Facebook Account

မနေ့ညကလည်း စည်ဖြိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ " ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..

ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..

ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..

ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..

ကောင်းကျိုုးလိုရာပြည့်စုံပါစေ..." ဆိုပြီး ချစ်သူလေးရဲ့ သိတတ်လိမ္မာမှုကိုရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Si Phyo's Facebook Account

Photo Credit - Si Phyo's Facebook Account

Photo Credit - Si Phyo's Facebook Account
Photo Credit - Si Phyo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။