အနုပညာလောကမှာ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မင်းသမီးချောလေးဖြူဖြူထွေးကတော့ အခုချိန်မှာဆိုရင် ပရိသတ်တွေအများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ဖြူဖြူထွေးကို အားပေးကြတဲ့ ပရိသတ်တွေက ဖြူဖြူထွေးရဲ့ရိုက်ကွင်းတည်နေရာအထိတောင်လာပြီး ကြိတ်ကြိတ်တိုးအားပေးကြကာ သဘောကောင်းဖော်ရွေလွန်းတဲ့သူမကိုချစ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace

ဖြူဖြူထွေးက မိဘအပေါ်လိမ္မာသိတတ်တာကြောင့် အောင်မြင်မှုတွေကလည်းခဏလေးနဲ့ရရှိလာပြီး ခြေလှမ်းအသစ်တိုင်းကအဆင်ပြေချောမွေ့နေတာပဲဖြစ်ပါတယ်။မိဘတွေအတွက်လည်း သက်တောင့်သက်သာနေနိုင်အောင် အိမ်အသစ်လေးတစ်လုံးဆောက်ပေးထားပြီး လိုအပ်သမျှကိုလည်းထောက်ပံ့ပေးနေတာဖြစ်လို့ ဖြူဖြူထွေးရဲ့သိတတ်တဲ့စိတ်ထားလေးကို ပရိသတ်တွေကချီးကျူးနေရတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace

ဖြူဖြူထွေးက မိသားစုကိုသာ သိတတ်တာမဟုတ်ဘဲ သူမရဲ့ရွာလေးကသူတွေအကုန်လုံးကိုလည်း တတ်နိုင်သလောက်အမြဲတမ်းကူညီဖေးမပါတယ်နော်။အခုဆိုရင်လည်း မကြာခင်မှာသီတင်းကျွတ်ရောက်ရှိတော့မှာဖြစ်လို့ သူမရဲ့ရွာက လူကြီးသူမတွေအကုန်လုံးကို မုန့်တွေနဲ့လိုက်ကန်တော့ပြီး အားပေးစကားတွေဆိုကာ ပျော်ပျော်ပါးပါးနဲ့ကုသိုလ်ယူခဲ့တဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace

Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။