ကဲ... ပရိတ်သတ်တို့ရေ... အခုပြောပြမယ့်အရာကတော့ ဖြစ်ရပ်မှန်တစ်ခုလည်းဖြစ်ပြိးတော့ ထိတ်လန့်ဖွယ်ရာလည်း ကောင်းလွန်းလှပါတယ်နော်။ လူဆိုလို့ အမျိုးသမီးတစ်ယောက်တည်းသာရှိပြီးတော့ တစ်ရွာလုံးအရုပ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ရွာကြီးတစ်ရွာ အပြင်မှာတစ်ကယ်ရှိတယ်ဆိုရင် ပရိသတ်တို့ ယုံကြည်နိုင်ပါ့မလား? ဒီရွာကိုတော့ နာဂိုရို အရုပ် ရွာလို့ခေါ်ပြီး ဂျပန်နိုင်ငံ ရှီကိုကု နားမှာ ရှိပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

ရွာမှာ နေထိုင်သူ အမျိုးသမီး TsukimiAyano ဟာ ရွာနဲ့ ၁၁ နှစ်ကွဲကွာ ခဲ့ပြီး တစ်နေ့ အိမ်ပြန် လာတဲ့အခါမှာတော့ တစ်ရွာလုံးမှာ လူတွေ တစ်ယောက်မှ မရှိကြတော့ပါဘူး ။ အခြား ဒေသတွေမှာ အလုပ်တွေ သွားလုပ်ကြတာ လား? သေကုန်ကြတာ လား? သို့မဟုတ် ကပ်ရော ဂါကြောင့် လူတွေမနေတော့တာလားတော့ဆိုတာတော့ ဖေါ်ပြ မထားပါဘူး။ ထိုအမျိုးသမီး ဟာ လူတွေမရှိတော့တဲ့ ရွာ လေးမှာ အထီးကျန် မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

ဒါနဲ့ သူ့ရဲ့ အထီးကျန် တဲ့ ဘဝ ကို တစ်ကိုယ် တည်း ဖြတ်သန်းဖို့ လူနဲ့ တူတဲ့ အရုပ်တွေ ကိုရွာထဲမှာ ထည့်ထားဖို့ စိတ်ကူး ကို အကောင်အထည် စဖေါ်ခဲ့ပါတယ်။ ငါးမျှားနေတဲ့အရုပ် lအဖိုး အဖွားအရုပ်l က နေတဲ့အရုပ် l လယ်စိုက်နေတဲ့ အရုပ် ကျောင်းစာသင်နေတဲ့ အရုပ် စတာ တွေကို ဖန်တီးပြီး တစ်ကိုယ်တည်း နေထိုင်ခဲ့ပါတယ်။သူ့အတွက်တော့ ဘာမှ မထူးဆန်းပေမဲ့အသည်း ငယ်တဲ့ သူတွေ အတွက်ကတော့ စိတ်လှုပ် ရှား ပြီးကြောက်စရာ ကောင်းတဲ့ ရွာတစ်ရွာ အဖြစ် နာမ်မည် ကြီးလာပါတော့တယ်။ ဒီလိုရွာမျိုးကို ညဘက်တစ်ယောက်တည်းသာရောက်သွားလို့ကတော့ ဘယ်လောက်တောင် ခြောက်ခြားစရာကောင်းလိုက်လိမ့်မလဲနော်...

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။