ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့ ကလေးတစ်ယောက်မေမေပဲ ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့အချစ်တွေကိုရရှိခဲ့တဲ့ ယွန်းဝတီလွင်မိုးက အခုချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယွန်းဝတီလွင်မိုးရဲ့သားလေးကလည်း ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်လို့နေပါတယ်။

Photo Credit-YunWaddy's IG
Photo Credit-YunWaddy's IG
Photo Credit-YunWaddy's IG
Photo Credit-YunWaddy's IG

မေမေယွန်းဝတီလွင်မိုးနဲ့ ဘိုးဘိုးလွင်မိုးတို့ရဲ့ရုပ်အတိုင်း တစ်ထေရာတည်းတူတဲ့ Liam လေးကိုတော့ သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Liam လေးမွေးပြီး တစ်လပြည့်မွေးနေ့လေးမှာမှ ချစ်စရာကောင်းလွန်းတဲ့ Liam လေးရဲ့မျက်နှာကိုမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ဘွားဘွားမေသူက ပရိသတ်တွေမမြင်ဖူးသေးတဲ့ Liam လေးကိုယ်ဝန်အရင့်အမာနဲ့ မိခင်လောင်းလေး ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကို ထုတ်ပြထားပါတယ်။

Photo Credit-May Thu's FB
Photo Credit-May Thu's FB
Photo Credit-May Thu's FB
Photo Credit-May Thu's FB

ဘွားဘွားမေသူက " သဲလေးမွေးရန် (၃) ရက်အလို " ဆိုပြီး သားလေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရတဲ့ မေမေယွန်းဝတီလွင်မိုးရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ ကိုယ်ဝန်အရင့်အမာနဲ့တောင်မှ အရမ်းကိုနုပျိုလန်းဆန်းပြီး လှသွေးကြွယ်နေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Liam လေးကိုယ်ဝန်ဆောင်ထားစဉ်တုန်းက မေမေယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Thu's FB & YunWaddy's IG

Photo Credit-May Thu's FB
Photo Credit-May Thu's FB
Photo Credit-May Thu's FB
Photo Credit-May Thu's FB
Photo Credit-May Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။