မိသားစုကို အချိန်ပြည့်ဂရုစိုက်စောင့်ရှောက်ရုံသာမကပဲ အနုပညာအလုပ်တွေကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင်စမိုင်းလ်ပါ။ သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ သူတို့မိသားစုဘဝလေးကို အားကျနေရတာပါ။  

Photo Credit - Pyae maung's Facebook
Photo Credit - Pyae maung's Facebook

မနေ့ကတော့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ ဆယ့်ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးပါ။ သူတို့ရဲ့လူမှုကွန်ယက်တွင် မင်္ဂလာဆောင်စဉ်ကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကို ပရိသတ်တွေကို ဝေမျှခဲ့တာပါ။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရပါစေ တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ဖြေရှင်းခဲ့တာဟာလည်း မြင်ရသူတိုင်းကို ပီတိဖြစ်စေတာပါ။

Photo Credit - Pyae maung's Facebook
Photo Credit - Pyae maung's Facebook

မနေ့ကတော့ စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကတော့ မင်္ဂလာနှစ်ပတ်လည်အမှတ်တရအဖြစ် ၂၀၁၉ ခုနှစ်ထုတ် Brand New Alphard ကားသစ်ကြီးကို လက်ဆောင်ပေးခဲ့တာပါ။ ဒီပို့စ်လေးကိုတော့ ခင်ပွန်းဖြစ်သူ ပြည့်မောင်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီငသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Pyae maung's Facebook

Photo Credit - Pyae maung's Facebook

Photo Credit - Pyae maung's Facebook
Photo Credit - Pyae maung's Facebook
Photo Credit - Pyae maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။