ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာလောကထဲမှာ ဖြည်းဖြည်းမှန်မှန်နဲ့ အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။အေးဝတ်ရည်သောင်းအနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တဲ့အချိန်မှာ ပရိသတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး တစ်ခဲနက်အားပေးခဲ့ကြကာ သူမအတွက် အကယ်ဒမီတောင်မှန်းပေးခဲ့ကြပါသေးတယ်နော်။

Source:Aye Thaung's Facebook
Source:Aye Thaung's Facebook
Source:Aye Thaung's Facebook

အေးဝတ်ရည်သောင်းဟာဆိုရင် မြန်မာဆန်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားပြီး ဖွံ့ဖွံ့ထွားထွားခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း မိန်းကလေးချင်းတောင်အားကျရပါတယ်နော်။အသက်၃၅နှစ်ကိုရောက်ရှိနေပြီဖြစ်တဲ့ မအေးသောင်းက အလှအပတွေလည်းမယိုယွင်းသွားဘဲ ပိုပိုပြီးနုပျိုလှပကာ အမြဲတမ်းလန်းဆန်းတက်ကြွပြီး ချစ်စရာကောင်းနေတာကို ပရိသတ်ကြီးလည်းလက်ခံကြမှာပါနော်။

Source:Aye Thaung's Facebook
Source:Aye Thaung's Facebook
Source:Aye Thaung's Facebook

ခေတ်မှီဖက်ရှင်နဲ့လည်း ဆွဲဆောင်မှုရှိရှိလှပသလို မြန်မာဝတ်စုံဝတ်ဆင်လိုက်တဲ့အခါမှာလည်း နန်းဆန်တဲ့အလှတွေက ကျက်သရေရှိနေတာဖြစ်လို့ မြင်တွေ့တဲ့သူတိုင်းကသူမရဲ့အလှအပတွေကို ချီးကျူးကြပါတယ်နော်။အခုဆိုရင်လည်း မအေးသောင်းက ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့လျှောက်လှမ်းလာပြီး မခို့တရို့လေးပြုံးကာ ဆံပင်လေးသပ်လိုက်တဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Aye Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Thaung's Facebook/Photo Credit: Li John Ljl

Source:Aye Thaung's Facebook/Photo Credit: Li John Ljl

Video Credit:Aye Thaung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။