ကဲ... ပရိသတ်တို့ရေ... မိခင်မေတ္တာဆိုတာ လူတွေမှာမှမဟုတ်ဘူး တိရိစ္ဆာန်တွေမှာလည်း အပြည့်ရှိတယ်ဆိုတာကို အခုပြောပြမယ့်အကြောင်းအရာလေးက သက်သေပြမှာပဲဖြစ်ပါတယ်နော်။ ပထမဆုံးအနေနဲ့ ဆာဗားနား မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန် တွေရဲ့ ထူးခြားတဲ့ အပြုအမူတွေ တွေဟာ တစ်ခါတစ်လေ မထင်မှတ်ဘဲ အံသြသွားစေနိုင်တယ်လို့ဆိုပါရစေ။ ခြင်္သေ့တွေရဲ့ ဘာသာဘာဝအတိုင်းအစာရှာတဲ့ ခြသေ့င်္မကြီးဟာ မျောက်မကြီးတစ်ကောင်ကို ဖမ်းယူစားသောက်ခဲ့ပါတယ်။ ဒါပေမယ့် မျောက်မကြီးမှာ မျောက်သားလေးရှိတယ်ဆိုတာကို မသိခဲ့ပုံပါပဲ။

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

မိခင်မျောက် မကြီး ဟာဆာလောင်နေတဲ့ ခြင်္သေ့မ ရဲ့လက်ထဲ ရောက်ရှိသွားချိန်မှာ မျောက်သားပေါက် လေးရဲ့ကံ ကြမ္မာကို လူတိုင်းစိုးရိမ်ကြမှာပါဘဲ။ မိခင် မရှိတော့တဲ့ မျောက်လေးဟာ ခြင်္သေ့မလက်ထဲက နေထွက်ပြေး ခဲ့ပါသေးတယ်။ အလွန်ငယ် ရွယ်သေးတဲ့ မျောက်လေးဟာ လောကမှာ ရပ်တည် လို့မရနိုင်တာ ခြင်္သေ့မ ကြီးသိနေပုံရပါတယ်။မျောက်လေးကို ချော့မော့ ခေါ်ပြီး ရာသီဥတုဒဏ် ကနေကာ ကွယ်ပေးပြီး မျောက်လေး အသက်ရှင်အောင်သူနဲ့အတူတူ ရှိနေစေပါတယ်။ခြင်္သေ့မကတော့ မျောက်ကလေး သူ့ကို မကြောက်စေဖို့ လက်နှစ်ဖက် ကြားမှာထားပြီး ဆော့ကစား ပေးလေ့ရှိပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

မျောက်လေး ဟာ သဘာဝမတူတဲ့ ခြင်္သေ့မနဲ့ အတူတူ နေထိုင်ရင်း နာမကျန်း ဖြစ်ခဲ့ပါသေးတယ်။ မျောက်ကလေးပေါ်ကျရောက်လာမယ့် အခြားခြင်္သေ့ထီးတွေ ရန်ကလဲ ခြင်္သေ့မဟာ မိခင်တစ်ယောက်လို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့ အခြေအနေ ကို အကဲခက်နေတဲ့ မျောက်ကလေးရဲ့ဖခင်ဟာ မျောက်ကလေး ကိုခြင်္သေ့မလက်ထဲက ကြိုးစား ကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ ဒီVideo ကို ရက်ပေါင်းများစွာကြိုးစားပြီး မှတ်တမ်းတင်နိုင်ခဲ့တဲ့ National Geographic မှ အီဗန် နှင့် လီဆာ တို့ ကောက်ချက် ချခဲ့တာကတော့ ''အသက်တွေဟာ သတ်ပြစ်ဖို့ အတွက် မြန်မြန် ဆန်ဆန် လုပ်နိုင်ပေမဲ့ အသက်ရှင်တဲ့ ဘဝ တစ်ခု ရဖို့က တော့ တော်တော် ခက်ခဲကြောင်း'' သက်သေပြ လိုက်တဲ့ message လေးပါလို့ဆိုခဲ့ကြပါတယ်။ ကဲ... ပရိသတ်တို့ရော ဒီအကြောင်းအရာလေးကနေ ဘယ်လို့ Messageလေး ရခဲ့လဲဆိုတာကို ပြောသွားကြပါအုန်းနော်....

Photo Source: သံ ဇဉ် မိုးဇတ်
Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။