ပရိသတ်တွေရဲ့ အချစ်တော် ထိပ်တန်းသရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးကြတဲ့ ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေအပြင် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ချစ်စရာဟန်ပန်လေးတွေနဲ့ စကားပြောအမူအရာလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဖြစ်သလို မြန်မာနိုင်ငံအပြင် ပြည်ပပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး နှစ်နိုင်ငံပူးပေါင်းဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသူလေးဆိုလည်း မမှားပါဘူး..။

Photo By Myanmarload
Photo By Myanmarload

Brand တော်တော်များများရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရလေ့ရှိတဲ့ ရွှေကစ်လေးကတော့ အခုတစ်ခါမှာလည်း သူမကြိုက်နှစ်သက်ရတဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel ရဲ့ Brand Ambassador အဖြစ် ထပ်မံခန့်အပ်ခံလိုက်ရတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Mytel ရဲ့ Brand Ambassador ခန့်အပ်ပွဲလေးကိုလည်း လိမ္မော်ရောင်ဖက်ရှင်လေးနဲ့ တမူထူးခြားလှပစွာ ပွဲတက်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြန်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Mytel ရဲ့ ဆက်သွယ်ရေး အော်ပရေတာနဲ့ ပတ်သက်ပြီးတော့လည်း Brand Ambassador တစ်ဦးအဖြစ် အကောင်းဆုံးကြိုးစားသွားမယ့် အကြောင်းလေးကိုလည်း ရွှေကစ်လေးက အခုလို ပြောပြထားပါသေးတယ်..။

“ကစ် အနေနဲ့ အခုလို မြန်မာနိုင်ငံမှာ ဆန်းသစ်ပြီး အကောင်းတကာ့ အကောင်းဆုံး တီထွင်မှုတွေကို ယူဆောင်လာပေးလေ့ရှိတဲ့ Mytel ရဲ့ အောင်မြင်မှုခရီးလမ်း ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခွင့်ရတာကို တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာပြည်ကို နောက်ဆုံးမှ ဝင်ရောက်လာတဲ့ အော်ပရေတာဖြစ်ပေမဲ့လည်း ရှေ့ပြေးတီထွင်သူတစ်ဦးအဖြစ် နဲ့သာမက ဂရုအစိုက်ဆုံးအော်ပရေတာအဖြစ် သုံးစွဲသူတွေအတွက် ရှိနေပေးတာကြောင့် Mytel ကို အရင်ထဲက နှစ်သက်ခဲ့တာပါ။ နောက်ပြီးတော့လည်း 5G နည်းပညာကို ယူဆောင်လာပေးနိုင်တဲ့ ပထမဆုံးဆက်သွယ်ရေး အော်ပရေတာဖြစ်လာခဲ့ပြီးတော့ ကစ်တို့ရဲ့ နေ့စဉ်လူနေမှုဘဝအဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေးလျက်ရှိပါတယ်။ ကစ်ကို ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကစ် အနေနဲ့ Mytel ရဲ့ Brand Ambassador အဖြစ်နဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။” ဟု Mytel မြန်မာ ၏ Brand Ambassador အသစ်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။