မော်ဒယ်၊အလှမယ်တစ်ဦးအဖြစ် နာမည်ကြီးအောင်မြင်လာခဲ့တဲ့ ရွှေအိမ်စည်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်မင်းသမီးအဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရွှေအိမ်စည်က ကြော်ငြာ၊သီချင်းဗီဒီယို၊ဇာတ်ကားတွေနဲ့ Photo Shooting လက်ခံရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေလည်း အဆက်မပြတ်ဆိုသလို တက်ရောက်နေရတာ ဖြစ်ပါတယ်။

Photo Credit-Shwe Eain Si's Facebook
Photo Credit-Shwe Eain Si's Facebook

နိုင်ငံတကာ Miss ပြိုင်ပွဲကြီးတွေမှာပါ အားလုံးရဲ့အာရုံစိုက်ခြင်းခံခဲ့ရတဲ့ ရွှေအိမ်စည်က အလှမယ်တစ်ဦးဆိုတဲ့အတိုင်း ပြီးပြည်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အမိုက်စား Body ကိုပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်က ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်ရှိသလို ဘာဝတ်ဝတ်အမြဲပေါ်လွင်လှပနေတတ်တာလည်း ဖြစ်ပါတယ်။ အခုလည်း ရွှေအိမ်စည်က ပရိသတ်တွေရင်ဖိုသွားစေနိုင်တဲ့ အလန်းစားပုံရိပ်တွေကို တင်ထားပါတယ်။

Photo Credit-Shwe Eain Si's Facebook
Photo Credit-Shwe Eain Si's Facebook
Photo Credit-Shwe Eain Si's Facebook

ရွှေအိမ်စည်က " အမြဲတန်း လှလှပပဖြစ်အောင် ပြင်ပြင်ဆင်ဆင် နေနေတယ်ဆိုတာ ဘယ်သူ့ကိုမှ အလှပြဖို့မဟုတ်ပါဘူး ကိုယ့်ကိုကိုယ် impress လုပ်ချင်လို့ပါ. သူများအမြင်က ဘာပဲဖြစ်နေ ကိုယ့်ကိုယ်ကို အရမ်းမိုက်နေတယ်ထင်ရင် ပြီးတာပဲ " ဆိုပြီးပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ရွှေအိမ်စည်ရဲ့ရင်ခုန်ချင်စရာ အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Shwe Eain Si's Facebook 

Photo Credit-Shwe Eain Si's Facebook
Photo Credit-Shwe Eain Si's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။