Photo credit _ Dota 2 Blog

Update Rank Matchmaking season သစ်နဲ့ မိတ်ဆက်လိုက်တဲ့ Valve

Valve အနေနဲ့ Dota 2 players တွေအတွက် အားတက်စေမယ့် update rank season အသစ်ကို ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

ဒီ rank season မှာ core rank နဲ့ supp rank ကဆက်လက်ရှိနေဦးမှာဖြစ်သလို ကိုယ်ကြိုက်နှစ်သက်တဲ့ role ကိုရွေးချယ်ပြီး find တဲ့ စနစ်ကလည်း ရှိနေဦးမှာပါ။

သို့ပေမယ့် Match find တဲ့အခါမှာ တခြားဘက်က mid player က သူတို့ team မှာ MMR အများဆုံးဖြစ်ပြီး ကိုယ့်ဘက်က mid player က ကိုယ့်တို့ team မှာ MMR အနည်းဆုံးဖြစ်နေတာမျိုးတွေ ရှိနိုင်တော့မှာမဟုတ်ပါဘူး ။

Valve အနေနဲ့ ဒီပြသနာကို ဖြေရှင်းဖို့အတွက် MMR fair ဖြစ်တဲ့ player တွေကိုသာ တွဲဖက်ပေးတော့မှာပဲဖြစ်ပါတယ်။

ဒီ update မှာတော့ booster တွေ smurf အကောင့်ဆော့တဲ့သူတွေနဲ့ throw တဲ့သူတွေကိုလည်း တော်တော်လေး ထိထိရောက်ရောက် အရေးယူသွားတော့မှာပါ ။အရင်လို လုပ်ချင်တိုင်းလုပ်လို့ မရတော့ပါဘူး။

အရင်တုန်းကဆိုရင် အကောင့်သစ်ဆော့တဲ့သူတွေအနေနဲ့ ပွဲ ၁၀၀ ပြည့်တာနဲ့ rank ဆော့လို့ရပေမယ့် အခုကတော့ နာရီ ၁၀၀ ပြည့်မှသာ rank ဆော့လို့ရတော့မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ယခုထွက်လာမယ့် update မှာ role အလိုက်မကစားတဲ့ players တွေကို အရေးယူမယ့် စနစ်လည်းပါဝင်လာခဲ့ပါတယ်။

(ဥပမာ - hard supp role ကိုရွေးချယ်ထားပြီး carry တို့ mid hero တို့ pick တဲ့သူတွေပါ)

ဒီလို role အလိုက်မကစားသူတွေကိုတော့ update မှာ Drafting လုပ်နေစဉ် ပွဲမစမီ မိနစ်အနည်းငယ်အတွင်းမှာ Reports ထုလို့ ရတဲ့ fuction သစ်တစ်ခုပါဝင်လာတော့မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် rank တင်တဲ့အခါမှာဆိုရင်လည်း ကိုယ့်ရဲ့ skill ဟာ လက်ရှိရောက်နေတဲ့ အဆင့်ထက် တော်တော်လေးကောင်းမွန်နေရင် rank တက်တာ အရင်ကထက် မြန်လာတော့မှာ ပဲဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်လိုက်တဲ့ rank စနစ်ကတော့ Dota 2 players တွေအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်လာတဲ့ rank စနစ် ဖြစ်လာနိုင်သလို လာမယ့် Sep 19 ရက်နေ့ Update ထွက်လာတဲ့ အချိန်ကြရင်လည်း Rank စနစ်အသစ်ကို ဒီ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိရှိနိုင်ပီပဲဖြစ်ပါတယ်။

Source – Dota 2

Orginal link > http://blog.dota2.com/2019/09/matchmaking-update-for-the-next-ranked-season/?fbclid=IwAR2K-rm73bmPOSrD0QpHQGeVF0IBSEWkmK1SQXTcCbIf6dkbPMKRV_EtqmI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။