အေးသီတာကတော့ အောင်မြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ ဝါရင့်သရုပ်ဆောင်ပီပီအကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဗီဒီယိုဈေးကွက်ပျက်သွားလို့ ဗီဒီယိုတွေ ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

photo credit: Aye Thida 's facebook
photo credit: Aye Thida 's facebook

သူမကတော့ " အခုချိန်မှာ ဝင်ငွေက ကိုယ်ယောကျာ်းရဲ့ အလုပ်ပဲ ရှိတာပေါ့ ကားရိုက်တွေဘာတွေကလဲ ရှားပါးလာပြီဆိုတော့ ကိုယ့်အရင်မုန့်ဟင်းခါးရောင်းတဲ့ အလုပ်ပဲ ပြန်လုပ်ရမှာပေါ့ အရင်တုန်းက တစ်ရက်နှစ်ရက်နားရင်တောင် ငိုချင်သလို ရီချင်သလိုဖြစ်နေတာ အခုလို အကြာကြီးဆိုတော့ စိတ်ဓာတ်ကျတော့ပေါ့" ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit: Aye Thida 's facebook
photo credit: Aye Thida 's facebook

အေးသီတာကတော့ "ဇာတ်ကားတွေ မရိုက်ရတော့ဘူး အဲ့တာကြောင့် မုန့်ဟင်းခါးပြန်ရောင်းဖို့ စဉ်းစားထားတယ် လမ်းဘေးမှ မုန့်ဟင်းခါးရောင်းရင်းကနေ ရုပ်ရှင်လောကထဲ စဝင်လာတာပါ...အရင်က မုန့်ဟင်းခါးလဲရောင်းတယ် စာလဲသင်တယ် ရုပ်ရှင်လဲရိုက်တယ်. " ဆိုပြီး ပြောထားရာ အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE: MYANMAR LOADTV 

photo credit: Aye Thida 's facebook
photo credit: Aye Thida 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။