ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုကာ အနုပညာလောကရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်လာခဲ့ပါတယ်နော်။သူမရဲ့ရင်တွင်းခံစားချက်လေးတွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်ရင်ကိုတိုက်ရိုက်ထိမှန်ပြီး အရမ်းအောင်မြင်ခဲ့တဲ့အပြင် ယနေ့အချိန်ထိလည်း ပိုပိုရဲ့သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေဆဲဖြစ်ပါတယ်။

Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook

ပိုပိုက သူမရဲ့အနုပညာကြေးလေးတွေကို စုဆောင်းပြီး အလှူအတန်းတွေလည်းပြုလုပ်သလို သုံးထပ်တိုက်အိမ်လှလှလေးတစ်လုံးကိုလည်း ဆောက်ထားပါတယ်နော်။ပိုပို့ရဲ့အိမ်လေးက သူမစိတ်ကြိုက်ပြင်ဆင်ထားတာဖြစ်လို့ အရမ်းကိုချစ်စရာကောင်းပြီး နေချင်စရာလေးပါနော်။ပရိသတ်တွေကလည်း ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ပိုပို့ရဲ့စိတ်ထားလေးကို ချီးကျူးကြပြီး လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook

လူငယ်တစ်ယောက်ပီပီ ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်တဲ့ ပိုပိုက သဘောမနောကောင်းသူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။အခုဆိုရင်တော့ ပိုပိုက သူမရဲ့ခန္ဓာကိုယ်ပြည့်ပြည့်လေးကို အရမ်းပိန်ချင်တာကြောင့် ကြိုးစားပမ်းစားGym ကစားပြီး ဝိတ်ချနေတာဖြစ်ပါတယ်။ပိုပိုကတော့ ဘယ်လိုနေနေလှနေတာဖြစ်လို့ သူမရဲ့Gym ကစားနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook
Photo Credit:ပိုပို Facebook

Photo Credit:ပိုပို Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။