ကဲ... ပရိသတ်တို့ရေ... အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားတိုင်း ဗဟုသုတလည်းဖြစ် ဘေးအန္တရာယ်လည်း ကင်းစေမယ့် အကြောင်းအရာလေးတစ်ခုကို ဒီတစ်ခေါက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပွင့် လှလှလေးတွေထဲက အချို့ကတော့လူကိုတစ်ခဏချင်းအတွင်းသေသွားစေနိုင်လောက်တဲ့ အပြင်းစားအဆိပ်တွေရှိကြပါတယ်။ ဒီလိုပန်းမျိုးတွေဟာ မြန်မာနိုင်ငံမှာလည်းရှိနေတာမို့ ချစ်ပရိသတ်တွေ သတိမူနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

(၁) White Snakeroot

အမေရိကန် သမ္မတ Abraham lincoln အီဗရာဟင်လင်ကွန်း ရဲ့ အမေ Nancy Hanks ဟာ နွားနို့သောက်ရင်းနဲ့ သေဆုံးသွာခဲ့ရးပါတယ်။ ဒါနဲ့ စုံစမ်းရေး အဖွဲ့တွေက နွားနို့ထဲကို စစ်ကြည့်တော့ နွားနို့ထဲမှာ အက်စစ် အဆိပ်တစ်မျိုးကိုတွေ့ခဲ့ရပါတယ်။ဒါနဲ့ အဆိပ်ကဘယ်ကလာလဲ ထပ်မံစုံစမ်းကြည့်ခဲ့ပါတယ်။ ဖြစ်ပုံကနွားဟာ White Snakeroot အပင်ကို စားသုံးထားတဲ့နွားဖြစ်နေပြီး အဲဒီအဆိပ်က နွားကို ဒုက္ခမပေးဘဲ နွားရဲ့အသား သို့မဟုတ် နို့ကို သောက်သုံးမိတဲ့လူကို သေစေနိုင်တာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ယနေ့အချိန်ထိ မွေးမြူရေး ခြံတွေနားမှာ White Snakeroot အပင်တွေကိုတွေ့တာနဲ့ သုတ်သင်ခဲ့ကြပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

(၂) Aconitum 'The poison queen'( အဆိပ်ဘုရင်မ)

တစ္ဆေ ဦးထုပ် လို့လည်းခေါ်ပါတယ်။ ကြည့်ရတာ လှသလောက် ကမ္ဘာ့ အဆိပ် အပြင်းဆုံးပန်းစာရင်းဝင်ပါတယ်။ အရင်ခေတ်ကဆို ဒီပန်းပွင့် အစေးနဲ့ ဝံပုလွေ တွေကို သုတ်သင်ခဲ့ကြပါသေးတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

(၃)The crab's eye 'Deadly love bean' ( သေစေတဲ့ အချစ်မျိုးစေ့)

အရှေ့တောင်အာရှ မှာ တွေ့ရများပါတယ်။၎င်း ပဲစေ့ လေးထဲမှာ အပြင်းဆုံး ဓါတု အဆိပ် ပါဝင်ပါတယ်။ ဒီပဲစေ့လေးတွေဟာ ဒီတိုင်းနေရင်ဘာမှ မဖြစ်ပေမဲ့ ကွဲကြေသွားတဲ့ အချိန်မှာတော့ လူကို အန္တရာယ်အပြည့်အဝပေးပါတယ်။အဆိပ်မိတဲ့လူရဲ့ ခန္တာကိုယ် cell စနစ်ကို တိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ဟော်လန်မှာတော့ ပုလဲရတနာနဲ့တွဲဖတ်ပြီး လက်ဝတ်လက်စား အလှဆင်ယင်ကြပြန်ပါသတဲ့။

Photo Source: သံ ဇဉ် မိုးဇတ်

(၄)The corpse flower 'Queen of stench'

Queen of stench ပန်းကတော့ sulfur ဒြပ်ပေါင်း ပါဝင်ပြီးတော့ ညပိုင်းအလွန်ပူပြင်းတဲ့ အချိန်ဆိုရင် သူ့ရဲ့အရွက်က ရေနွေးငွေ့လို အငွေ့မျိုးထုတ်လွတ်ပြီး ရှုမိတဲ့သူကိုရှုးသွပ်သွားစေနိုင်ပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။