နှစ်လိုဖွယ်ကောင်းတဲ့အပြုံးအလှပိုင်ရှင်လေး မိုးယုစံကိုတော့ ပရိသတ်ကြီးက အားပေးချစ်ခင်ပြီးသား ဖြစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်တတ်ပြီး ပရိသတ်တွေရဲ့အားပေးမှုနဲ့ အောင်မြင်မှုများစွာ ရရှိထားသူလေး ဖြစ်ပါတယ်။ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့သူမက အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး မိသားစုအနဲ့အတူ ပျော်ရွှင်အေးချမ်းနေတာ တွေ့ရပါတယ်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

မိုးယုက အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များနဲအတူ ချစ်စရာကောင်းတဲ့ သားသားလေးရဲ့ ပုံလေးတွေကိုပါ ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။မိုးယုဟာ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိရှိနဲ့ မြင်သူတိုင်းကြွေသွားရလောက်အောင်လှရက်လွန်းနေတဲ့ ရူတင်က အမှတ်တရ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာမိုးယုတစ်ယောက် ကလေးအမေလို့မထင်ရလောက်အောင် နုပျိုပြီးအရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

မိုးယုကတော့ သူမပုံလေးတွေပါမကပဲ သားသားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကိုလည်း မကြာခဏ ဖော်ပြလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးကြတာလည်းတွေ့ရပါတယ်။မိုးယုတို့ မိသားစု လေးတွေက ကြည်နူးစရာကောင်းတာကြောင့် ပရိသတ်တွေအားကျနှစ်သက်နေရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် မိုးယုရဲ့ချစ်စရာ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။