ပရိသတ်တွေရဲ့ တနေ့တာမှာ ပင်ပန်းလာသမျှတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင်တော့ ဟာသကားလေးတွေကြည့်ပြီး ဖြေဖျောက်တာဟာ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါပဲ။

ယခုအခါမှာဆိုရင်လည်း ပရိသတ်တွေကြည့်ရှုလိုက်တဲ့အခါမှာ အရမ်းရယ်ရစေမယ့် “ကွီးတို့ရဲ့မာယာ” ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းကို ဖော်ပြပေးလိုတာပဲဖြစ်ပါတယ်။

“ကွီးတို့ရဲ့မာယာ” ရုပ်ရှင်ကားကြီးကတော့ အိမ်ထောင်သည် ကွီးတွေ နဲ့ မမကြီးတွေရဲ့ နောက်ကွယ်မှာ ရှုပ်ကြတဲ့ စူပါအရှုပ်တော်ကြီးပုံကြီးကို ဟာသဆန်ဆန်လေးနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။

screenshoot of ကြီးတို႔ရဲ့မာယာ
screenshoot of ကြီးတို႔ရဲ့မာယာ

ဒီရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေဟာဆိုရင်လည်း ဝါရင့်သရုပ်ဆောင်တွေဖြစ်တာကြောင့် သူ့ရဲ့သရုပ်ဆောင်မှုတွေက ကြည့်ရှုရသူပရိသတ်တွေရဲ့ ရယ်မောသံတွေကို ရုပ်ရှင်ရုံတခုလုံး ပျံ့လွင့်စေမှာ အသေအချာပါပဲ။

အမြဲတမ်း ဖလပ်ဖလပ်ဖြစ်နေတဲ့ ရင်ခုန်သံကို အစာကျွေးဖို့အတွက် အိမ်က မိန်းမတွေမသိအောင် အငယ်လေးနောက်ကို လိုက်ပီး အပျော်ရှာတဲ့ ကွီးတွေနဲ့

ယောကျာ်းတွေရဲ့ အမြဲ ဖလပ်ဖလပ်ဖြစ်နေတဲ့ ရင်ခုန်သံတွေကို ထိန်းမရတဲ့အဆုံးမှာ မမကြီးတွေ အားလုံးပေါင်းပြီး ကောင်လေးငယ်ငယ်ချောချောလေးတွေကို အပြိုင်ပိုးပန်းကြမယ့်ပုံတွေဟာ trailer လေးထဲမှာ ကြည့်ရှုရတာရုံတင် အရမ်းကိုပဲရယ်နေရပါတယ်။

screenshoot of ကြီးတို႔ရဲ့မာယာ
screenshoot of ကြီးတို႔ရဲ့မာယာ

တစ်ယောက်နဲ့တစ်ယောက် ဗျူဟာတွေခင်း အပြန်အလှန် အကွက်တွေ့ရွှေ့ပြီး အမြဲရှင်သန်နေတဲ့ အချစ်ရင်ခုန်သံကို အစာကျွေးရင်း အပျော်ရှာတဲ့ပုံစံတွေက ပရိသတ်တွေကို တကယ့်ကိုပဲ ပျော်ရွှင်ရယ်မောရစေမှာပါ။

ငယ်ငယ်လန်းလန်းတွေရှာပြီး ရှာပြီး အပြိုင်အဆိုင် စပွန်စာပေးကြမယ့် ကွီးတွေနဲ့ စနိုက်ကျော်ရမယ်ဆိုရင်တောင် ကျော်ပြီး ကဲချင်တဲ့ မမကြီးတွေရွှေ့မယ့် အကွက်တွေကိုလည်း ဒီရုပ်ရှင်ကားကြီးထဲမှာ ပရိသတ်တွေ ရယ်ရယ်မောမောနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

ယခုလာမယ့် စက်တင်ဘာ ၂၆ ရက်နေ့ဆိုရင် မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာဆိုတော့ ပရိသတ်တွေလည်း ဒီရုပ်ရှင်ကားကြီးကို ကြည့်ဖို့ အားမွေးထားကြဦးနော်။ 

screenshoot of ကြီးတို႔ရဲ့မာယာ
screenshoot of ကြီးတို႔ရဲ့မာယာ

source - ကြီးတို႔ရဲ့မာယာ facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။